ကသာမြို့နယ်၊ ပျဉ်ထောင်ကြီးကျေးရွာ၊ ပျဉ်ထောင်လေးကျေးရွာနှင့် အလယ်ကျွန်းကျေးရွာ၊ သံတောင်ကျေးရွာများရှိ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာန၊  ကသာခရိိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ကသာမြို့နယ်၊ ပျဉ်ထောင်ကြီးကျေးရွာတွင် (၃-၄-၂၀၁၇) နေ့ဖြစ်ပွားခဲ့သော  လေပြင်းတိုက်ခတ်မှု ကြောင့် လေဘေးသင့် အိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၉၆၀၀၀)၊ ပျဉ်ထောင်လေးကျေးရွာ လေဘေးသင့် အိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ( ၉၆၀၀၀)၊ အလယ်ကျွန်းကျေးရွာ လေဘေးသင့် အိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၈၀၀၀)၊ သံတောင်ကျေးရွာ လေဘေးသင့် အိမ် (၁၀) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ( ၁၀၀၀၀၀ ) တို့ကို မြို့နယ် ထွေ/အုပ် မြို့နယ်မီးသတ်မှ တာဝန်ရှိသူတို့နှင့်အတူ (၂၃-၄-၂၀၁၇) နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:  ကသာခရိိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events