လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နွေရာသီသောက်သုံးရေ ရှားပါးလျက်ရှိသော ဖရူဆိုမြို့နယ်၊ ဒေါခရော့ကျေးရွာသို့ (၁၁၀၀) ဂါလံဆန့်ရေသယ်ယာဉ် (၁) စီး၊ မိုဆိုကျေးရွာသို့ (၁၁၀၀) ဂါလံဆန့် ရေသယ်ယာဉ် (၁) စီး၊ ထီးတော်တနီးကူးကျေးရွာသို့ (၁၁၀၀) ဂါလံဆန့်ရေသယ်ယာဉ် (၁) စီး စုစုပေါင်း ရေသယ်ယာဉ် (၃) စီးနှင့် ရေသန့်ဆေးထုပ်များကို (၂၂-၄-၂၀၁၇) ရက်နေ့တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)