ကချင်ပြည်နယ်၊ တနိုင်းမြို့၊ တိန်ကောက်၊ မိုင်းခွန်နှင့် မကောကျေးရွာရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ တနိုင်းမြို့၊ တိန်ကောက်၊ မိုင်းခွန်နှင့် မကောကျေးရွာတို့တွင် (၉-၄-၂၀၁၇) ရက်နေ့ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်အိမ်ခြေ (၃၉) လုံး၊ အိမ်ထောင်စု (၃၉) စု၊ လူဦးရေ (၁၆၄) ဦးတို့ အတွက် ကယ်ဆယ်ရေးကူညီထောက်ပံ့မှုအခမ်းအနားအား (၂၃-၄-၂၀၁၇) ရက်နေ့ (၀၉းဝ၀) နာရီအချိန်တွင် တနိုင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဦးစီးမှူး ဒေါ်စန္ဒာလှိုင်က ထောက်ပံ့မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြား ခဲ့ပါသည်။ ၄င်းနောက် ဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၃၉) အိမ်ထောင်စုစာ၊ ဆန်ရိက္ခာ (၇) ရက်စာဖိုး (၃၄၄၄၀၀/-)နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၃၉၀၀၀၀၀/-) အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးနောင်နဂျာတန်နှင့် ဦးစီးမှူး ဒေါ်စန္ဒာလှိုင်တို့မှ အသီးသီးပေးအပ်ခဲ့ကြပါသည်။ ၄င်းနောက် တက်ရောက်လာသူများအား လေပြင်းဘေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် စာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events