သဘာဝဘေးတုံ့ပြန်ရန်အစဥ်အမြဲဖြစ်စေရေး ပြည်သူနှင့်အတူ ဆွေးနွေးဆောင်ရွက်မှုသတင်း

23_Pic_02

၂၂-၄-၂၀၁၇၊  ဧရာဝတီတိုင်းဒေသကြီး

သဘာဝဘေးကိုတုံ့ပြန်ရန်စဥ်အမြဲအသင့်ဖြစ်နေစေရေးနှင်‌့လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ပြည်သူတို့၏ လိုအပ်ချက်ဖော်ထုတ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဧရာဝတီတိုင်းဒေသကြီးသို့ရောက်ရှိနေ သော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ််ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ယနေ့နံနက်ပုိင်းတွင် မြောင်းမြခရိုင်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနရုံးသို့ရောက်ရှိပြီး ကယ်ဆယ်ရေးပစ္စည်းများ အသင့်သိုလှောင်ထားရှိမှုကိုကြည့်ရှုကာ လုပ်ငန်းဆောင်ရွက်ချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ ယင်းနောက် မြောင်းမြမြို့နယ်၊ ဘူဒင်းကွင်း ရေကျော်ကျေးရွာအုပ်စု၊ ကျောက်ကမ်းပါးကျေးရွာတွင် ပြည်သူများ သောက်သုံးရေအခက်အခဲဖြစ်နေသဖြင့် သောက်သုံးရေသိုလှောင်ရန် မြေသားရေကန် တူးဖော်နိုင်ရေး ထောက်ပံ့ငွေ ကျပ် (၃၂) သိန်းကုိ ပေးအပ်ခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လပွတ္တာမြို့၊ လူငယ့်အားမာန်သင်တန်းကျောင်းသို့ ရောက်ရှိကာ အဆိုပါကျောင်းအစည်းအဝေးခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများမှတာဝန်ရှိသူများနှင့် တွေ့ဆုံကာ သဘာဝဘေး အန္တရာယ်ကြိုတင်ပြင်ဆင်ရေး၊ ကာကွယ်ရေး၊ အလျင်အမြန်တုံ့ပြန်ရေး၊ ပြန်လည်ထူထောင်ရေးတွင် ပိုမိုကောင်းမွန် သောအ‌ြေခအနေတစ်ရပ် ရရှိရေးဖော်ဆောင်ရမည့်ကိစ္စရပ်များ၊ ဘေးအန္တရာယ်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး တပ်ဖွဲ့ ဖွဲ့စည်းနိုင်ရေးကိစ္စရပ်များကိုဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနလက်‌ေအာက်ရှိ နာဂစ်အလွန်မိဘမဲ့ကလေးများအား စောင့်ရှောက်ထားသော လူငယ့်အားမာန်သင်တန်း ကျောင်းတွင် လက်ခံပြုစုစောင့်ရှောက်ထားသည့် သင်တန်းသား/ သင်တန်းသူ (၄၃) ဦးအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး ကလေးများ၏ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များသင်ကြားပေးရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းဖော်ဆောင်ပေးရေးတို့ကို အလေးထားဆောင်ရွက် ရန်မှာကြားခဲ့ပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် လပွတ္တာခရိုင်ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဦးစီးမှူးရုံးနှင့် ကယ်ဆယ်ရေးသိုလှောင်ရုံအား ကြည့်ရှုပါသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် လပွတ္တာ-သင်္ကန်းကြီး-ပြင်စလူလမ်း  မိုင်တိုင် (၂/၁) သို့သွား ရောက်ပြီး လမ်းတာဘောင်ကို ရွေးမြစ်ရေတိုက်စားသဖြင့် ပျက်စီးမှုအခြေအနေအားကြည့်ရှုပြီး ထိုတာဘောင်ကို မိုးမကျမီတည်ဆောက်နိုင်ရန်အရေးပေါ်လိုအပ်လျက်ရှိသော ခန့်မှန်းကုန်ကျငွေ ကျပ်သန်း (၈၇.၈) ကို အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှကျခံသုံးစွဲရန် ထောက်ပံ့ပေးခဲ့ပါသည်။ အဆိုပါလမ်းတာဘောင် သည် သင်္ကန်းကြီးရွာအပါအဝင် အခြားရွာများ၏ လပွတ္တာမြို့သို့ဆက်သွယ်ရာတစ်ခုတည်းသော ကားလမ်းဖြစ်ပြီး အဆိုပါတာဘောင်ပျက်စီးပါက ရေငန်ဝင်ရောက်မှုကြောင့် လယ်မြေဧကပေါင်းများစွာကို ထိခိုက်ပျက်စီးစေနိုင်ပါ သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် သင်္ကန်းကြီးကျေးရွာသို့သွားရောက်၍ ဘက်စုံသုံးမုန်တိုင်း ဒဏ်ခံ အဆောက်အဦတွင် ကျေးရွာလူထုနှင့်တွေ့ဆုံကာ မိမိတို့အနေဖြင့်ရပ်ရွာများတွင် ရပ်ရွာလူထု၏ အမှန်တကယ် လိုအပ်ချက်များကို ဖေါ်ထုတ်ပြီး ထိရောက်သောကြိုတင်ကာကွယ်မှုများြဖင့် သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင် တုံ့ပြန်ရန်အသင့်ဖြစ်စေရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခင်သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့မှုကို သင်ခန်း စာယူ၍ ပိုမိုကောင်းမွန်သောအခြေအနေတစ်ရပ် ရရှိရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သဘာဝဘေးနှင့် ပတ်သက် ပြီး အဆင်သင့်ဖြစ်မှုသည် လမ်းပန်းဆက်သွယ်ရေးနှင့်အဓိက သက်ဆိုင်ပါကြောင်း၊ လိုအပ်ချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ သဘာဝဘေးတုံ့ပြန်မှုများ ဆောင်ရွက်ရာတွင်ပြည်သူများ အားလုံးပါဝင်ဆောင်ရွက်မှသာ ထိရောက်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ပြည်သူများနှင့်အတူလက်တွဲ၍ ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ရန် လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ရပ်ရွာလူထု၏ ဆွေးနွေး ချက်နှင့်လိုအပ်ချက်များအပေါ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ခရီးစဥ်အတွင်း သင်္ကန်းကြီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ဆိုလာမီးဖြည့်ဆည်းပေးနိုင်ရေး၊ ဘင်္ဂလားပင်လယ်အော်၀င်ပေါက်ြဖစ်သည့် ဂုံညှင်းတန်းကျေးရွာတွင် School Cum Shelter (၁) လုံး တည်ဆောက်ပေးနိုင်ရေးနှင့် ဇင်ရွဲလေးကျေးရွာနှင့် သင်္ကန်းကြီးကျေးရွာရှိ ဘက်စုံသုံးမုန်တိုင်းဒဏ်ခံအ ဆောက်အဦ များ ပြုပြင်ထိန်းသိမ်းရေးကိစ္စရပ်များကို စီစဥ်ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

 

 

Sign Up

Upcoming Events