Author Archives: Aye Kyimann

  • နေရပ်ပြန်ပြည်သူများအား စားသောက်စရာများ ထောက်ပံ့ပေးမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒေသခံစေတနာရှင်များနှင့်အတူပူးပေါင်း၍ (၁၅-၆-၂၀၁၇) ရက်နေ့၊ (၁၆း၄၅ ) နာရီအချိန်၌ ခန္တီးမြို့သို့ ရောက်ရှိခဲ့သော တနိုင်းဒေသမှ နေရပ်ပြန်ပြည်သူ (၃၉၅) ဦးခန့်အား ထမင်းထုပ်၊ ရေသန့်နှင့် အချိုရည်ဗူးများ ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:     ခန္တီးခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေး တိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၆-၂၀၁၇) ရက်နေ့တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကန်လှကျေးရွာအုပ်စု၌ သဘာဝဘေး အသိပညာ ပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဝေဌခြင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ရက် (၁၀၀) အလွန် ဆောင်ရွက်မည့်စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် သဘာဝဘေးနှင့်စပ်လျဉ်းသည့် ပုံမှန်သတင်းများနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေး အန္တရာယ်လျော့ပါးရေး ဆောင်ရွက်ချက်သတင်းများကို အချိန်နှင့်တပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်စနစ်၊ … Read more

  • ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာအုပ်စု၊ ကျွန်းညိုရွာသစ်ကျေးရွာတွင် (၁၅-၆-၂၀၁၇) ရက်နေ့၌ ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ အိမ်ထောင်စု (၂) စု၊ အိမ်ခြေ (၂) လုံး၊ လူဦးရေ (၉) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုး (၇) ရက်စာ (၁၈၉၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးတို့ကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ (၁၅-၆-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာများအသိပညာပေးဆွေးနွေးဟောပြောမှု သတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၆-၂၀၁၇) ရက်နေ့တွင် ဖျာပုံမြို့ အ.ထ.က (၂) ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲပြု လုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ အင်အား စုစုပေါင်း (၂၅၀) ဦးခန့်တက်ရောက်ခဲ့ပြီး မျိုးဆက်သစ်လူငယ်များအနေဖြင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ ဗဟုသုတများ  ကြိုတင်ကာကွယ်ရေးနှင့် ဘေးအမျိုး အစားပေါ်မူတည်၍ တုံ့ပြန်ဆောင်ရွက်ရေး၊ ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များကို ဖြစ်စဉ်များနှင့်တကွ ဆွေးနွေး ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများ ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:     ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ မဲဇလီ ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လွှာချောင်းရေမြင့်တက်မှုကြောင့် (၁၃-၆-၂၀၁၇) ရက်နေ့က ရေဘေးသင့်၍ ပြောင်းရွှေ့ပေးခဲ့ရသည့် အိမ်ထောင်စု (၆) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး၊ ဆန်ဖိုးငွေ (၅၆၇၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၂၀၀၀၀/-) ကျပ်၊ စုစုပေါင်း (၁၇၆၇၀၀/-) ကျပ်တို့အား (၁၅- ၆ -၂၀၁၇) ရက်နေ့တွင် မင်းတုန်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့လွှဲ ပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

    မကွေးတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၆-၂၀၁၇) ရက်နေ့၌ ကမ်းပြိုဘေးကြောင့် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဗလဘကျေးရွာအုပ်စု၊ ဗလဘကျေးရွာရှိ ဘေးသင့်အိမ်ခြေ (၅) လုံး၊ အိမ်ထောင်စု (၅) စု၊ လူဦးရေ (၂၃) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅) သိန်းကျပ်၊ ဆန်ရိက္ခာဖိုး (၄၈၃၀၀/-) ကျပ်၊စုစုပေါင်း(၅၄၈၃၀၀/-)၊ ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးတို့အား (၁၅-၆-၂၀၁၇) ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:  ပခုက္ကူခရိုင်ဦးစီးမှူးရုံး … Read more

  • လူမှုရေးပင်စင်ထောက်ပံ့မှုစတင်ခြင်းနေ့တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဘိုးဘွားအချို့ လက်ဝယ်သို့ အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်မှုသတင်း

    နေပြည်တော်၊ ၁၅-၆-၂၀၁၇ လူတိုင်းအခြေခံလူ့အခွင့်အရေးရရှိရေး၊ ဒီမိုကရေစီစံနှုန်းများနှင့်အညီ ဖြစ်စေရေး၊ လူ့ဂုဏ် သိက္ခာနှင့်ပြည့်စုံသောလူမှုအသိုက်အဝန်း တစ်ရပ်ပေါ်ပေါက်လာစေရေးအတွက် လုပ်ငန်းစဉ် (၈) ရပ် ပါဝင်သည့် မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေးကိုအမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ရေးဆွဲ၍ ပြည်သူများလွတ်လပ်လုံခြုံစွာဖွံ့ဖြိုးတိုးတက်ရေးဦးတည်လျက်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနကပွင့်လင်းမြင်သာစွာဆောင်ရွက်လျက်ရှိပါသည်။ လုပ်ငန်းစဉ် (၈) ရပ်အနက် (၁) ရပ်ဖြစ်သည့် သက်ကြီးရွယ်အိုများအားလူမှုရေးပင်စင် ထောက်ပံ့မှုအစီအစဉ်ကို သက်ကြီးရွယ်အိုဆိုင်ရာ ဥပဒေနှင့်အညီအသက်အရွယ်အပိုင်းအခြားအလိုက် ထောက်ပံ့နိုင်ရေးစီစဉ်ဆောင်ရွက်ခဲ့ရာနိုင်ငံတော်ဘဏ္ဍာရန်ပုံငွေဖြင့် (၂၀၁၇-၂၀၁၈) ဘဏ္ဍာရေးနှစ်မှစတင်ကာတစ်နိုင်ငံလုံးရှိအသက် (၉၀) နှစ်နှင့်အထက် ဘိုးဘွားများအားတစ်ဦးလျှင် လစဉ် ကျပ် (၁) သောင်းနှုန်းထောက်ပံ့ သွားမည်ဖြစ်ပြီး ကနဦးအနေဖြင့် … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၆-၂၀၁၇) ရက်နေ့၌ ကော့ကရိတ်မြို့နယ်အမှတ် (၁) ရပ်ကွက်ဓမ္မာရုံတွင် လူဦးရေ (၁၅၀) ဦးအား မီးသတ်ဦးစီးဌာနပြန်ကြားရေးနှင့် ပြန်သူ့ဆက်ဆံရေးဦးစီးဌာန တို့နှင့်ပူးပေါင်း၍  သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးခဲ့ ကြောင်း သတင်းရရှိပါသည်။ Source:    ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • မိုရာမုန်တိုင်းသင့်ပြည်သူများအား အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့မှု သတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  မိုရာမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံခဲ့သော မောင်တောမြို့နယ်၊ လေဘေးသင့်ကျေးရွာအုပ်စု (၂၈) စုမှ လုံးဝပြိုကျသွားသည့် အိမ် (၁၀၅၂) လုံးအတွက် (၄၂၂၀၀၀၀၀/-) ကျပ် တစ်စိတ်တစ်ပိုင်းပြိုကျအိမ် (၂၀၇၆) လုံးအတွက် (၄၆၇၉၂၀၀၀/-) ကျပ်၊ စုစုပေါင်း (၈၈၉၉၂၀၀၀/-) ကျပ်တို့ အား (၁၃ -၆ -၂၀၁၇) ရက်နေ့တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:    မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events