ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာအုပ်စု၊ ကျွန်းညိုရွာသစ်ကျေးရွာတွင် (၁၅-၆-၂၀၁၇) ရက်နေ့၌ ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ အိမ်ထောင်စု (၂) စု၊ အိမ်ခြေ (၂) လုံး၊ လူဦးရေ (၉) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုး (၇) ရက်စာ (၁၈၉၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးတို့ကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ (၁၅-၆-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)