သဘာဝဘေးအန္တရာယ်ဆိုင်ရာများအသိပညာပေးဆွေးနွေးဟောပြောမှု သတင်း

16_Pic_02

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၆-၂၀၁၇) ရက်နေ့တွင် ဖျာပုံမြို့ အ.ထ.က (၂) ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲပြု လုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ အင်အား စုစုပေါင်း (၂၅၀) ဦးခန့်တက်ရောက်ခဲ့ပြီး မျိုးဆက်သစ်လူငယ်များအနေဖြင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ ဗဟုသုတများ  ကြိုတင်ကာကွယ်ရေးနှင့် ဘေးအမျိုး အစားပေါ်မူတည်၍ တုံ့ပြန်ဆောင်ရွက်ရေး၊ ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များကို ဖြစ်စဉ်များနှင့်တကွ ဆွေးနွေး ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများ ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source:     ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events