သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

16_Pic_03 16_Pic_04

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေး တိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၆-၂၀၁၇) ရက်နေ့တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကန်လှကျေးရွာအုပ်စု၌ သဘာဝဘေး အသိပညာ ပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဝေဌခြင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ရက် (၁၀၀) အလွန် ဆောင်ရွက်မည့်စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် သဘာဝဘေးနှင့်စပ်လျဉ်းသည့် ပုံမှန်သတင်းများနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေး အန္တရာယ်လျော့ပါးရေး ဆောင်ရွက်ချက်သတင်းများကို အချိန်နှင့်တပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်စနစ်၊ အရေးကြီးဖုန်းနံပါတ်များနှင့် သဘာဝဘေးပညာပေး လက်ကမ်းစာစောင်များ ထည့်သွင်းထား သော DAN Application အား ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာသူ/သားများ၏ လက်ကိုင်ဖုန်းများ၌ DAN Application အား ထည့်သွင်းပေးခဲ့ပါ သည်၊၊ အဆိုပါ ဟောပြောပွဲသို့ ကျေးရွာသူ၊ ကျေးရွာသား (၅၅) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

Source:     ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events