ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

15_Pic_02

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ မဲဇလီ ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လွှာချောင်းရေမြင့်တက်မှုကြောင့် (၁၃-၆-၂၀၁၇) ရက်နေ့က ရေဘေးသင့်၍ ပြောင်းရွှေ့ပေးခဲ့ရသည့် အိမ်ထောင်စု (၆) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး၊ ဆန်ဖိုးငွေ (၅၆၇၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၂၀၀၀၀/-) ကျပ်၊ စုစုပေါင်း (၁၇၆၇၀၀/-) ကျပ်တို့အား (၁၅- ၆ -၂၀၁၇) ရက်နေ့တွင် မင်းတုန်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့လွှဲ ပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events