ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုရာမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံခဲ့သော မောင်တောမြို့နယ်၊ လေဘေးသင့်ကျေးရွာအုပ်စု (၂၈) စုမှ လုံးဝပြိုကျသွားသည့် အိမ် (၁၀၅၂) လုံးအတွက် (၄၂၂၀၀၀၀၀/-) ကျပ် တစ်စိတ်တစ်ပိုင်းပြိုကျအိမ် (၂၀၇၆) လုံးအတွက် (၄၆၇၉၂၀၀၀/-) ကျပ်၊ စုစုပေါင်း (၈၈၉၉၂၀၀၀/-) ကျပ်တို့ အား (၁၃ -၆ -၂၀၁၇) ရက်နေ့တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ)