ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

15_Pic_02

မကွေးတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၆-၂၀၁၇) ရက်နေ့၌ ကမ်းပြိုဘေးကြောင့် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဗလဘကျေးရွာအုပ်စု၊ ဗလဘကျေးရွာရှိ ဘေးသင့်အိမ်ခြေ (၅) လုံး၊ အိမ်ထောင်စု (၅) စု၊ လူဦးရေ (၂၃) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅) သိန်းကျပ်၊ ဆန်ရိက္ခာဖိုး (၄၈၃၀၀/-) ကျပ်၊စုစုပေါင်း(၅၄၈၃၀၀/-)၊ ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးတို့အား (၁၅-၆-၂၀၁၇) ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:  ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events