Author Archives: Aye Kyimann

  • သာပေါင်းမြို့နယ် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စု၊ လှည်းထောက် ကုန်းကျေးရွာတွင် (၈-၇-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ် (၅) လုံး၊ အိမ်ထောင်စု (၅) စုမှ လူဦးရေ (၁၆) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၅) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာ (၃၃၆၀၀/-) … Read more

  • ရေနံချောင်းမြို့နယ် ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၇-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရေနံချောင်းမြို့နယ်၊ သူဌေးကုန်းကျေးရွာ၊ မန်မြေ မြောက်ကျေးရွာတို့မှ ကမ်းပြိုဘေးမှ လွတ်ကင်းသောနေရာသို့ ရွေ့ပြောင်းပြီးဖြစ်သော အိမ် (၂၀) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀၀/-) ကျပ်၊ လူ (၇၃) ဦးအတွက် ဆန် (၇) ရက်စာဖိုးငွေ (၁၅၅၄၀၀/-) ကျပ် စုစုပေါင်း (၂၁၅၅၄၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၇) မျိုး (၂၀) အိမ်ထောင်စုစာတို့ကို … Read more

  • ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်၊ (၁၁:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးခြင်းသတိပေးချက်

    မြစ်ရေကြီးခြင်းသတိပေးချက် (၂၀၁၇ ခုနှစ်၊ ဇူလိုင်လ(၁၁)ရက်၊(၁၁:၀၀)နာရီ အချိန်ထုတ်ပြန်ချက်)   ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ကသာမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၂)ပေခွဲခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက် (၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၂)ပေခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက် (၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် … Read more

  • ညောင်တုန်းကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ မြမ္မာပြာသာကျေးရွာအုပ်စု၊ ရွာသာကြီး ကျေးရွာတွင် (၇-၇-၂၀၁၇) ရက်နေ့နှင်‌့ (၉-၇-၂၀၁၇) ရက်နေ့များ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရသည့် နေအိမ် (၄၁) လုံး၊ အိမ်ထောင်စု (၄၁) စုမှ လူဦးရေ (၁၆၁) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၄၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၁၀၀၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာ (၃၃၈၁၀၀/-) … Read more

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရခိုင်ဒေသခံတိုင်းရင်းသားကျေးရွာများအရောက် လိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်ပေးမှုသတင်း

    –    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်အဖွဲ့သည် (၇-၇-၂၀၁၇) နေ့ ညနေပိုင်းတွင် စစ်တွေမြို့၊ ဆေးသမားကြီးကယ်ဆယ်ရေးစခန်းသို့ ရောက် ရှိပြီး စခန်းတာဝန်ခံများ၊ စခန်းတွင်နေထိုင်သူများနှင့်တွေ့ဆုံပြီး အမျိုးသမီးများနှင့်ကလေးများအတွက် အဝတ်အထည်များ၊ စားစရာများနှင့် ကစားစရာအရုပ်များပေးအပ်ခဲ့ပါသည်။ ထို့နောက် ဆပ်ရိုးကျကယ်ဆယ်ရေးစခန်းသို့ရောက်ရှိပြီး ဆပ်ရိုးကျကွက်သစ်နေရာချ တည်ဆောက် ထားမှု၊ စခန်းလိုအပ်ချက်ဖြစ်သောလျပ်စစ်ဓါတ်အားရရှိရေး၊ နေအိမ်သုံးမီတာပုံးများတပ်ဆင်ပေးရေးတို့ကို ပံ့ပိုးထောက်ပံ့မှုပေးရန် ညှိနှိုင်း ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက်အမျိုးသမီးများနှင့်ကလေးများအတွက် အဝတ်အထည်များ၊ စားစရာများနှင့် ကစားစရာအရုပ်များ ပေးအပ်ခဲ့ပါ သည်။ –    ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၈-၇-၂၀၁၇) နေ့ … Read more

  • ကမ်းပြိုဘေးအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့်ရန်ပုံငွေများကွင်း ဆင်းထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ဘုတ်ချောင်းကျေးရွာ အုပ်စု၊ မဲဇလီကျေးရွာတွင် (၄-၇-၂၀၁၇) ရက်နေ့၌ ဖြစ်ပွား ခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရသည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးအတွက်  ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-)၊ ဆန်ရိက္ခာ (၇) ရက်စာ (၆၃၀၀/-) ကျပ်၊ … Read more

  • ရေးဘေးဆိုင်ရာအသိပညာပေး ဗီနိုင်းစိုက်ထူပေးခြင်း ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၅-၇-၂၀၁၇) ရက်နေ့တွင် ခန္တီးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ရေးဘေးဆိုင်ရာအသိပညာပေး ဗီနိုင်းအား မြို့မရပ်ကွက်ရှိ ပြန်ကြားရေးကြော်ငြာဆိုင်းဘုတ်စိုက်ထူပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:   ခန္တီးခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ပြောင်းရွှေ့အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လအတွင်း ချင်းတွင်းမြစ်ရေကြီးမှုကြောင့် (၅-၇-၂၀၁၇) ရက်နေ့တွင် ပြောင်းရွှေ့ခဲ့ရသော အိမ်ထောင်စု (၁၇၀) စုမှ လူဦးရေ စုစုပေါင်း (၈၃၄) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၁၇၀) အိမ်ထောင်စာနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၇၅၁၄၀၀/-) ကျပ်တို့အား မြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံးခန်းတွင်လည်းကောင်း၊ မြသိန်းတန်ဘုန်းကြီးကျောင်း၊ ပေါမိုင်းဘုန်းကြီးကျောင်း နှင့် ဇီးဖြူကုန်းစာသင်ကျောင်းတို့တွင်လည်းကောင်း (၆-၇-၂၀၁၇) ရက်နေ့၌ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:   ခန္တီးခရိုင်ဦးစီးမှူးရုံး … Read more

  • ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ ဝန်ထမ်းမိသားစုများ ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားကျင်းပမှုသတင်း

    နေပြည်တော်၊ ၆-၇-၂၀၁၇ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ ဝန်ထမ်းမိသားစု ပညာသင် ထောက်ပံ့ကြေးငွေများပေးအပ်ပွဲအခမ်းအနားကို (၅-၇-၂၀၁၇) ရက်နေ့နံက်ပိုင်းက ဝန်ကြီးရုံး၊ စုပေါင်းခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်အမှာစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများသည် တိုင်းပြည်ဝန်ကိုထမ်းဆောင်နေရသလို မိသားစုအိမ်ထောင့်ဝန်ကိုလည်း ထမ်းဆောင်နေရ ကြောင်း၊ သားသမီးများအတွက် မိဘများ၏တာဝန်သည် ပညာအမွေပေးခြင်းဖြစ်ရာ ငွေကြေးမတတ်နိုင်သော ဝန်ထမ်းအများစုသည် ပညာရေး အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်ကြရသည်ကိုတွေ့ရှိရကြောင်း၊ ထိုဝန်ထုပ်ဝန်ပိုးများကိုလျော့ချရန် သက်ဆိုင်ရာဝန်ကြီးဌာနများက ကြိုးစားပေးနေ သလို မိမိတို့အနေဖြင့်လည်းမိမိတို့၏ ဝန်ထမ်းများကိုပံ့ပိုးကူညီရန်လိုအပ်သဖြင့် ယခု ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ ဝန်ထမ်းမိသားစုများ … Read more

  • သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၅-၇-၂၀၁၇) ရက်နေ့ (၁၀:၃၀) နာရီတွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်၌ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီအဖွဲ့များနှင့်ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေး ဟော ပြောပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ (၁၁၅) ဦး တက်ရောက်ခဲ့ပါသည်။ ထို့နောက် မီးဘေး၊ ရေဘေး၊ မုန်တိုင်း ဘေး၊ ငလျင်ဘေး၊ ဆူနာမီ ဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေး အသိပညာပေး လက်ကမ်းစာစောင်များ၊ ပိုစတာများ၊ ဗီနိုင်းများဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ Source:  … Read more

Sign Up

Upcoming Events