
လူမှှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၇-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရေနံချောင်းမြို့နယ်၊ သူဌေးကုန်းကျေးရွာ၊ မန်မြေ မြောက်ကျေးရွာတို့မှ ကမ်းပြိုဘေးမှ လွတ်ကင်းသောနေရာသို့ ရွေ့ပြောင်းပြီးဖြစ်သော အိမ် (၂၀) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀၀/-) ကျပ်၊ လူ (၇၃) ဦးအတွက် ဆန် (၇) ရက်စာဖိုးငွေ (၁၅၅၄၀၀/-) ကျပ် စုစုပေါင်း (၂၁၅၅၄၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၇) မျိုး (၂၀) အိမ်ထောင်စုစာတို့ကို မြို့နယ်ထွေအုပ်ရုံးမှတဆင့် (၁၂-၇-၂၀၁၇) ရက်နေ့၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)