ပြောင်းရွှေ့အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

7_Pic_02

7_Pic_03
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လအတွင်း ချင်းတွင်းမြစ်ရေကြီးမှုကြောင့် (၅-၇-၂၀၁၇) ရက်နေ့တွင် ပြောင်းရွှေ့ခဲ့ရသော အိမ်ထောင်စု (၁၇၀) စုမှ လူဦးရေ စုစုပေါင်း (၈၃၄) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၁၇၀) အိမ်ထောင်စာနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၇၅၁၄၀၀/-) ကျပ်တို့အား မြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံးခန်းတွင်လည်းကောင်း၊ မြသိန်းတန်ဘုန်းကြီးကျောင်း၊ ပေါမိုင်းဘုန်းကြီးကျောင်း နှင့် ဇီးဖြူကုန်းစာသင်ကျောင်းတို့တွင်လည်းကောင်း (၆-၇-၂၀၁၇) ရက်နေ့၌ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
Source:   ခန္တီးခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events