လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၅-၇-၂၀၁၇) ရက်နေ့ (၁၀:၃၀) နာရီတွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်၌ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီအဖွဲ့များနှင့်ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေး ဟော ပြောပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ (၁၁၅) ဦး တက်ရောက်ခဲ့ပါသည်။ ထို့နောက် မီးဘေး၊ ရေဘေး၊ မုန်တိုင်း ဘေး၊ ငလျင်ဘေး၊ ဆူနာမီ ဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေး အသိပညာပေး လက်ကမ်းစာစောင်များ၊ ပိုစတာများ၊ ဗီနိုင်းများဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)