သာပေါင်းမြို့နယ် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

13_Pic_06

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စု၊ လှည်းထောက် ကုန်းကျေးရွာတွင် (၈-၇-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ် (၅) လုံး၊ အိမ်ထောင်စု (၅) စုမှ လူဦးရေ (၁၆) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၅) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာ (၃၃၆၀၀/-) ကျပ်နှင့် ဘုန်းတော်ကြီးကျောင်းဂန္ဓကုဋီတိုက် (၁) လုံး အမိုးလန်ခြင်းအတွက် ထောက်ပံ့လှူဒါန်းငွေ (၁၀၀၀၀၀/-) ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၆၃၃၆၀၀/-) ကျပ်တို့အား သာပေါင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ လေဘေးသင့်ပြည်သူများ လက်ဝယ်သို့ (၁၂-၇-၂၀၁၇) ရက်နေ့၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:   ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events