– လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်အဖွဲ့သည် (၇-၇-၂၀၁၇) နေ့ ညနေပိုင်းတွင် စစ်တွေမြို့၊ ဆေးသမားကြီးကယ်ဆယ်ရေးစခန်းသို့ ရောက် ရှိပြီး စခန်းတာဝန်ခံများ၊ စခန်းတွင်နေထိုင်သူများနှင့်တွေ့ဆုံပြီး အမျိုးသမီးများနှင့်ကလေးများအတွက် အဝတ်အထည်များ၊ စားစရာများနှင့် ကစားစရာအရုပ်များပေးအပ်ခဲ့ပါသည်။ ထို့နောက် ဆပ်ရိုးကျကယ်ဆယ်ရေးစခန်းသို့ရောက်ရှိပြီး ဆပ်ရိုးကျကွက်သစ်နေရာချ တည်ဆောက် ထားမှု၊ စခန်းလိုအပ်ချက်ဖြစ်သောလျပ်စစ်ဓါတ်အားရရှိရေး၊ နေအိမ်သုံးမီတာပုံးများတပ်ဆင်ပေးရေးတို့ကို ပံ့ပိုးထောက်ပံ့မှုပေးရန် ညှိနှိုင်း ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက်အမျိုးသမီးများနှင့်ကလေးများအတွက် အဝတ်အထည်များ၊ စားစရာများနှင့် ကစားစရာအရုပ်များ ပေးအပ်ခဲ့ပါ သည်။
– ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၈-၇-၂၀၁၇) နေ့ နံနက်ပိုင်းတွင် စစ်တွေမြို့ဘိုးဘွားရိပ်သာသို့ရောက်ရှိပြီး အဘိုး (၈) ဦး၊ အဘွား (၂၈) ဦးတို့အားငွေနှင့် အသုံးအဆောင်ပစ္စည်းများလှူဒါန်းပေးအပ်ခဲ့ပါသည်။
– ထို့နောက် မြောက်ဦးမြို့နယ်၊ တိန်ညိုကျေးရွာနှင့်ပေါက်တောပြင်ကျေးရွာသို့လည်းကောင်း၊ ညနေပိုင်းတွင် မင်းပြားမြို့နယ် နရမ်း ကျေးရွာနှင့် ခေါင်းလောင်းရွာသစ်ကျေးရွာများသို့လည်းကောင်းရောက်ရှိကာ ဒေသခံရခိုင်တိုင်းရင်းသားများနှင့်တွေ့ဆုံကာ နိုင်ငံတော်က ဦးစား ပေးဆောင်ရွက်နေသော တိုင်းရင်းသားအရေးနှင့်ပြည်တွင်းငြိမ်းချမ်းရေးကိစ္စရပ်များ၊ ဝန်ကြီးဌာနက ဆောင်ရွက်နေသော လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ၊ ဘေးဒဏ်အပေါင်းကြံ့ကြံ့ခံရင်ဆိုင်နိုင်ရေး၊ ဘေးကျရောက်ပါကထိရောက်စွာတုံ့ပြန်နိုင်ရေးနှင့်ပြန်လည်ထူထောင် ရေးလုပ်ငန်းများတွင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုအရေးကြီးကြောင်း၊ ပြည်သူ့အစိုးရအနေဖြင့် ဒေသခံရခိုင်ပြည်သူများနှင့် လက်တွဲ ဆောင်ရွက်လိုကြောင်းပြောကြားပြီး မိမိတို့အနေဖြင့်ရခိုင်ဒေသခံပြည်သူများ၏ လက်တွေ့လိုအပ်ချက်များကိုသိရှိရန်နှင့် ဖြည့်ဆည်း ဆောင်ရွက် ပေးရန် ကျေးရွာများအရောက် လာရောက်ခြင်းဖြစ်ပါကြောင်း၊ အခြားဝန်ကြီးဌာနများနှင့် သက်ဆိုင်သောကိစ္စရပ်မျာကိုလည်း ညှိနှိုင်းကူညီပံ့ပိုး ဆောင်ရွက်ပေးသွားရန်ဖြစ်ပါကြောင်းနှင့် အတူပါလာကြသောပြည်နယ် ပညာရေး၊ ကျန်းမာရေး၊ နယ်စပ်ရေးရာ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လျှပ်စစ်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းကြပြီးဒေသခံရခိုင်တိုင်းရင်းသားများ၏ လိုအပ်ချက်များ ဆွေးနွေးတင်ပြမှုအပေါ် ချက်ချင်းဆောင်ရွက်ပေးနိုင်သည်များကိုဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် တိန်ညိုကျေးရွာအမကကျောင်းအတွက် အိမ်သာ (၂) လုံးဆောက်လုပ်ရန် ငွေကျပ် (၂၄) သိန်း၊ ဘုန်းတော်ကြီး ကျောင်းအတွင်းလမ်းကွန်ကရိခင်းရန်ငွေကျပ် (၅) သိန်း၊ ပေါက်တောပြင်ကျေးရွာ အထကခွဲကျောင်းအတွက် အိမ်သာ (၂) လုံးဆောက်လုပ်ရန် ငွေကျပ် (၂၄) သိန်း၊ စာသင်ခုံများပြုလုပ်ရန် ငွေကျပ် (၉) သိန်း၊ ခေါင်းလောင်းရွာသစ်ကျေးရွာ သောက်သုံးရေကန်ခြံစည်း ရိုးခတ်ရန် ငွေကျပ် (၂၅) သိန်း၊ ကျောင်းအိမ်သာ (၁) လုံးဆောက်လုပ်ရန် ငွေကျပ် (၁၂) သိန်းတို့ကို ထောက်ပံ့ခဲ့ပါသည်။ ထို့အပြင် ငွေကျပ် (၁၈၈) သိန်းကျော် တန်ဖိုးရှိ အမျိုးသမီးဝတ်၊ ကလေးဝတ်၊ မိုးကာအကျႌ၊ ကျောင်းဝတ်စုံ၊ အနွေးထည်များကိုလည်း ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: MSWRR