လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၅-၇-၂၀၁၇) ရက်နေ့တွင် ခန္တီးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ရေးဘေးဆိုင်ရာအသိပညာပေး ဗီနိုင်းအား မြို့မရပ်ကွက်ရှိ ပြန်ကြားရေးကြော်ငြာဆိုင်းဘုတ်စိုက်ထူပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ကဆရ)