
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ မြမ္မာပြာသာကျေးရွာအုပ်စု၊ ရွာသာကြီး ကျေးရွာတွင် (၇-၇-၂၀၁၇) ရက်နေ့နှင့် (၉-၇-၂၀၁၇) ရက်နေ့များ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရသည့် နေအိမ် (၄၁) လုံး၊ အိမ်ထောင်စု (၄၁) စုမှ လူဦးရေ (၁၆၁) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၄၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၁၀၀၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာ (၃၃၈၁၀၀/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၄၄၃၈၁၀၀/-) ကျပ်တို့အား မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးတို့နှင့်အတူ ကမ်းပြိုဘေးသင့်ပြည်သူများလက်ဝယ်သို့ (၁၀-၇-၂၀၁၇) ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)