Author Archives: Aye Kyimann

  • သဘာဝဘေးအန္တရာယ် အသိပညာပေးဆွေးနွေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီး ဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ (၂၉- ၁၂ -၂၀၁၇) ရက်နေ့တွင် မြဝတီမြို့၊ အင်ကြင်းမြိုင်ကျေးရွာ၌ လည်းကောင်း၊ (၃၀ -၁၂ -၂၀၁၇)ရက်နေ့တွင် အမှတ်(၂)ရပ်ကွက် သဲပုံဂိတ်၌လည်းကောင်း သဘာဝဘေးအန္တရာယ်အသိပညာပေး ဆွေးနွေးဟောပြော ခဲ့ရာ ပြည်သူလူထု (၃၀)ဦးစီ တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်နှင့် နံရန်ကပ်ပိုစတာများပေးအပ်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ Source:    မြဝတီခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း

    ကျောက်မဲခရိုင် ကျောက်မဲမြို့နယ်၊ မန်ခေါက်ကျေးရွာအုပ်စု အာပြောင်ကျေးရွာအနီးတဝိုက်တွင် တပ်မတော်စစ်ကြောင်းနှင့် TNLA လက်နက်အဖွဲ့တို့ထိတွေ့မှုဖြစ်ပွားသဖြင့် (၂၉-၁၂-၂၀၁၇)ရက်နေ့ ထပ်မံရောက်ရှိလာသော အာပြောင်ကျေးရွာနှင့် နမ့်ဆန်မြို့နယ် ကျောက်ဖြူလေးကျေးရွာမှ တိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု (၁၆၀)စုမှ ကျား(၂၁၀)ဦး၊ မ(၃၅၇)ဦး စုစုပေါင်း (၅၆၇)ဦး၊ အမှတ်(၈)ရပ်ကွက်ရှိ သန္တိသုခဓမ္မာရုံ ဝါဆိုကျောင်းနှင့် မိုင်းငေါ့မြို့တို့တွင် ကယ်ဆယ်ရေးစခန်း(၃)ခုဖွင့်လှစ်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးမှ ကြီးကြပ်မှုဖြင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး အိမ်ထောင်စု (၁၆၀)စုစာအား (၂၉-၁၂-၂၀၁၇) ရက်နေ့ တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:    ကျောက်မဲခရိုင်ဦးစီးမှူး(ကဆရ)

  • သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉- ၁၂- ၂၀၁၇)ရက်နေ့တွင် ဘားအံမြို့နယ်၊ တကောင်ဗိုလ်ကျေးရွာ အုပ်စု၊ စိမ်းချောင်းကျေးရွာရှိ စာသင်ကျောင်း၌ကျေးရွာနေ ပြည်သူပေါင်း (၁၅၀)ဦးအား သဘာဝဘေး အန္တရာယ်လျော့ပါးရေး ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ တာဝန်ရှိသူများက တက်ရောက်လာသူများ ထံဗလာစာအုပ်နှင့် ဘောလ် ပင်များဖြန့်ဝေပေးခဲ့ပြီး မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေး၊ ငလျင်ဘေးဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်လက်ကမ်း စာစောင်များနှင့် ဗီနိုင်းပိုစတာများကိုလည်း ကျေးရွာ အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more

  • မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ဆင်စုရပ်ကွက်၊ မြောင်းကြီးတန်းလမ်း၌ (၂၈-၁၂-၂၀၁၇)ရက်နေ့ မီးဘေးသင့်နေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုး (၃၀၀၀၀၀/-)ကျပ်၊ လူဦးရေ (၁၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၅၂၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၂၅၂၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး ကတ္ထူပုံးအပါ (၂)ပုံး၊ Family Kits (၂)ပုံးတို့အား (၂၉-၁၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source:  ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် မကွေးမြို့၊ ကန်သာရပ်ကွက်(A) အုပ်စုတွင် (၂၂-၁၂-၂၀၁၇)ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀/-)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၁၁)ဦးအတွက် ဆန်ရိက္ခာ(၇)ရက် စာဖိုး (၂၃၁၀၀/-)၊ စုစုပေါင်း (၄၂၃၁၀၀/-)ကျပ် တို့အား (၂၆-၁၂-၂၀၁၇)ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ ကြောင်း သတင်းရရှိပါသည်။ Source:  မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

  • မီးဘေးထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊  ပခုက္ကူ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည်    ရေစကြိုမြို့နယ်၊ ကြက်ဆူကျင်းကျေးရွာအုပ်စု၊ ကြက်ဆူကျင်းကျေးရွာတွင် (၂၅-၁၂-၂၀၁၇)ရက်နေ့ ၌ ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ(၄)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုး (၈၄၀၀/-)ကျပ်နှင့် (၂၃-၁၂-၂၀၁၇)ရက်နေ့တွင် အမှတ်(၂)ရပ်ကွက်၊ စိတ္တသုခရပ်၌ ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၄)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၈၄၀၀/-)ကျပ်တို့အား (၂၆-၁၂-၂၀၁၇)ရက်နေ့တွင် ဘေးသင့်ပြည်သူများ၏ … Read more

  • ပြန်လည်လက်ခံရေးစခန်းများ ဆောင်ရွက်ပြီးစီး မှုနှင့်ကျေးရွာများ စနစ်တကျ တည်ဆောက်နေမှုတို့ကို ပြည်ထောင်စု ဝန်ကြီးများနှင့်အဖွဲ့ကြည့်ရှုစစ်ဆေးမှုသတင်း

    ၂၁.၁၂.၂၀၁၇၊ စစ်တွေ ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် မြိုတိုင်းရင်းသားများနေထိုင်ရန် ပြန်လည်နေရာချထားပေးမည့် သစ်တုံးနားဂွဆုံ ကျေးရွာနှင့် ဟိန္ဒူဘာသာဝင်များကို ပြန်လည်နေရာချ ထားမည့် အိုးထိန်းကျေးရွာတို့တွင် အဆောက်အဦ များ ဆောက်လုပ်ပြီးစီးမှုခြေအနေနှင့် ဒေသခံမြို တိုင်းရင်းသားများ၏ လိုအပ်ချက်များ ကိုတွေ့ဆုံမေးမြန်းကာ နေအိမ်များကို အရည်အသွေးပြည့်မီစွာဖြင့် အမြန်ဆုံး ဆောက်လုပ် ပေးနိုင်ရေးတို့ကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ တစ်ဖက်နိုင်ငံသို့  တိမ်းရှောင်သွားသူများ ရေလမ်းခရီးမှ ပြန်လည်ဝင်ရောက်လာပါက လက်ခံ နိုင်ရေးအတွက် စခန်းတည်ဆောက်မည့် ငါးခူရကျေးရွာတွင် လူနေအဆောက်အဦများ တည်ဆောက်နေမှု၊ ဌာနဆိုင်ရာဝန်ထမ်းများ နေထိုင်ရန် အတွက် အဆာက်အဦများ … Read more

  • သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲအား ကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁၂-၀၁၇)ရက်နေ့ (၁၁:၀၀)နာရီချိန်တွင် ပေါင်မြို့နယ်၊ အလှပ်ကျေးရွာတွင် ပြည်သူ (၁၅၀)ဦးနှင့် (၁၃း၀၀)နာရီချိန်တွင် ပေါင်မြို့နယ်၊ ဝဲပတန်ကျေးရွာတွင် ပြည်သူ (၁၅၀)ဦးတို့အား သဘာဝဘေး အန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပါသည်။ ထို့ပြင် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုကြိုးဘေး စသည့်အသိပညာပေးလက်ကမ်းစာစောင်များနှင့် ပိုစတာများအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:    သထုံခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲအား ကျင်းပမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီးဦးစီမှူးရုံးမှ တာဝန်ရှိ သူများသည် (၂၁-၁၂-၂၀၁၇)ရက်နေ့တွင် ကျောင်းကုန်းမြို့နယ် လှည်းဆိပ်ကျေးရွာအုပ်စု အပင်နှစ်ဆယ်ကျေးရွာတွင် သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲအား ကျင်းပခဲ့ရာ  ကျေးရွာသူ၊ ကျေးရွာသား (၁၀၀)ဦးခန့်တက်ရောက်ခဲ့ပြီး အဆိုပါ ဟောပြောပွဲတွင် ငလျင်ဘေး၊ မိုးကြိုးဘေး၊ လေဘေး၊ မြေပြိုဘေး၊ မီးဘေး အစရှိသည့်ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် အကြောင်းအရာများအား ဘေးမဖြစ်ပွားမီ ဖြစ်ပွားနေစဉ် ဖြစ်ပွားပြီးနောက် ဆောင်ရန်/ရှောင်ရန် လိုက်နာဆောင်ရွက်ရမည့် အချက်များ ဆွေးနွေးပေးခဲ့ကြောင်း သတင်းရရှိရပါသည်။ Source:ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events