ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် မကွေးမြို့၊ ကန်သာရပ်ကွက်(A)
အုပ်စုတွင် (၂၂-၁၂-၂၀၁၇)ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀/-)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၁၁)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်
စာဖိုး (၂၃၁၀၀/-)၊ စုစုပေါင်း (၄၂၃၁၀၀/-)ကျပ် တို့အား (၂၆-၁၂-၂၀၁၇)ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ ကြောင်း သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)