ကျောက်မဲခရိုင် ကျောက်မဲမြို့နယ်၊ မန်ခေါက်ကျေးရွာအုပ်စု အာပြောင်ကျေးရွာအနီးတဝိုက်တွင် တပ်မတော်စစ်ကြောင်းနှင့် TNLA လက်နက်အဖွဲ့တို့ထိတွေ့မှုဖြစ်ပွားသဖြင့် (၂၉-၁၂-၂၀၁၇)ရက်နေ့ ထပ်မံရောက်ရှိလာသော အာပြောင်ကျေးရွာနှင့် နမ့်ဆန်မြို့နယ် ကျောက်ဖြူလေးကျေးရွာမှ တိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု (၁၆၀)စုမှ ကျား(၂၁၀)ဦး၊ မ(၃၅၇)ဦး စုစုပေါင်း (၅၆၇)ဦး၊ အမှတ်(၈)ရပ်ကွက်ရှိ သန္တိသုခဓမ္မာရုံ ဝါဆိုကျောင်းနှင့် မိုင်းငေါ့မြို့တို့တွင် ကယ်ဆယ်ရေးစခန်း(၃)ခုဖွင့်လှစ်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးမှ ကြီးကြပ်မှုဖြင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး အိမ်ထောင်စု (၁၆၀)စုစာအား (၂၉-၁၂-၂၀၁၇) ရက်နေ့ တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျောက်မဲခရိုင်ဦးစီးမှူး(ကဆရ)