လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉- ၁၂- ၂၀၁၇)ရက်နေ့တွင် ဘားအံမြို့နယ်၊ တကောင်ဗိုလ်ကျေးရွာ အုပ်စု၊ စိမ်းချောင်းကျေးရွာရှိ စာသင်ကျောင်း၌ကျေးရွာနေ ပြည်သူပေါင်း (၁၅၀)ဦးအား သဘာဝဘေး အန္တရာယ်လျော့ပါးရေး ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ တာဝန်ရှိသူများက တက်ရောက်လာသူများ ထံဗလာစာအုပ်နှင့် ဘောလ် ပင်များဖြန့်ဝေပေးခဲ့ပြီး မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေး၊ ငလျင်ဘေးဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်လက်ကမ်း စာစောင်များနှင့် ဗီနိုင်းပိုစတာများကိုလည်း ကျေးရွာ အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)