လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ကြက်ဆူကျင်းကျေးရွာအုပ်စု၊ ကြက်ဆူကျင်းကျေးရွာတွင် (၂၅-၁၂-၂၀၁၇)ရက်နေ့ ၌ ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ(၄)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုး (၈၄၀၀/-)ကျပ်နှင့် (၂၃-၁၂-၂၀၁၇)ရက်နေ့တွင် အမှတ်(၂)ရပ်ကွက်၊ စိတ္တသုခရပ်၌ ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၄)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၈၄၀၀/-)ကျပ်တို့အား (၂၆-၁၂-၂၀၁၇)ရက်နေ့တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ကဆရ)