လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ဆင်စုရပ်ကွက်၊ မြောင်းကြီးတန်းလမ်း၌ (၂၈-၁၂-၂၀၁၇)ရက်နေ့ မီးဘေးသင့်နေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုး (၃၀၀၀၀၀/-)ကျပ်၊ လူဦးရေ (၁၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၅၂၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၂၅၂၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး ကတ္ထူပုံးအပါ (၂)ပုံး၊ Family Kits (၂)ပုံးတို့အား (၂၉-၁၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)