သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲအား ကျင်းပမှုသတင်း

21_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁၂-၀၁၇)ရက်နေ့ (၁၁:၀၀)နာရီချိန်တွင် ပေါင်မြို့နယ်၊ အလှပ်ကျေးရွာတွင် ပြည်သူ (၁၅၀)ဦးနှင့် (၁၃း၀၀)နာရီချိန်တွင် ပေါင်မြို့နယ်၊ ဝဲပတန်ကျေးရွာတွင် ပြည်သူ (၁၅၀)ဦးတို့အား သဘာဝဘေး အန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပါသည်။ ထို့ပြင် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုကြိုးဘေး စသည့်အသိပညာပေးလက်ကမ်းစာစောင်များနှင့် ပိုစတာများအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source:    သထုံခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events