၂၁.၁၂.၂၀၁၇၊ စစ်တွေ
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် မြိုတိုင်းရင်းသားများနေထိုင်ရန် ပြန်လည်နေရာချထားပေးမည့် သစ်တုံးနားဂွဆုံ ကျေးရွာနှင့် ဟိန္ဒူဘာသာဝင်များကို ပြန်လည်နေရာချ ထားမည့် အိုးထိန်းကျေးရွာတို့တွင် အဆောက်အဦ များ ဆောက်လုပ်ပြီးစီးမှုခြေအနေနှင့် ဒေသခံမြို တိုင်းရင်းသားများ၏ လိုအပ်ချက်များ ကိုတွေ့ဆုံမေးမြန်းကာ နေအိမ်များကို အရည်အသွေးပြည့်မီစွာဖြင့် အမြန်ဆုံး ဆောက်လုပ် ပေးနိုင်ရေးတို့ကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်သွားသူများ ရေလမ်းခရီးမှ ပြန်လည်ဝင်ရောက်လာပါက လက်ခံ နိုင်ရေးအတွက် စခန်းတည်ဆောက်မည့် ငါးခူရကျေးရွာတွင် လူနေအဆောက်အဦများ တည်ဆောက်နေမှု၊ ဌာနဆိုင်ရာဝန်ထမ်းများ နေထိုင်ရန် အတွက် အဆာက်အဦများ ဆောက်လုပ်နေမှုနှင့် လုပ်ငန်းသုံးပစ္စည်းများ ရောက်ရှိနေမှုအခြေအနေများကို ကြည့်ရှုပြီး ၎င်းမှတဆင့် ယာယီ နေထိုင်ရန် ကြားစခန်း တည်ဆောက်မည့် လှဖိုးခေါင်ကျေးရွာရှိ သတ်မှတ်မြေနေရာတို့ကိုကြည့်ရှုခဲ့ကြပါသည်။
အဆိုပါခရီးစဉ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးစိုးအောင်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်၊ ရဲမှူးချုပ်မြဝင်း၊ UNHCR မှ လက်ထောက်ဌာနေ ကိုယ်စားလှယ် Ms. Cecile Frado နှင့် တာဝန်ရှိသူများလိုက်ပါခဲ့ကြပါသည်။
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ နှစ်နိုင်ငံသဘောတူစာချုပ်အရ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တိမ်းရှောင်သွားသူများကို စိစစ်၍ ပြန်လည် လက်ခံရေး၊ နေရာချထားရေးလုပ်ငန်းစဉ် များကို ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးပတ်မှ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။
Source: MSWRR