Author Archives: Aye Kyimann
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာရှိ မဟာမထမကျောက်မျက်ကုမ္ပဏီ လုပ်ကွက်ဟောင်းအတွင်း (၂၄.၇.၂၀၁၈)ရက်နေ့ (၁၄း၁၀)နာရီအချိန်တွင် ဖြစ်ပွားခဲ့သော အမြင့်ပေ(၃၀၀)ကျော်ခန့်ရှိ ကမ်းပါးယံမြေစာပြိုကျမှုကြောင့် မြစ်ကြီးနားဆေးရုံသို့ ဆေးကုသရန် ရောက်ရှိလာသော ဒဏ်ရာရရှိသူ (၁၉)ဦးတို့အား ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးဒေါက်တာသင်းလွင်နှင့်အဖွဲ့တို့နှင့်အတူ သွားရောက်တွေ့ဆုံကြည့်ရှု့ခ့ကြပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့မှ အဟာရမုန့်များနှင့် ဒဏ်ရာရသူ (၁)ဦးလျှင် (၅၀၀၀၀ိ/-)နှုန်းဖြင့် ဒဏ်ရာရသူ (၁၉)ဦးအတွက် စုစုပေါင်း(၉၅၀၀၀၀ိ/-)ကျပ်တို့အား (၁၅.၇.၂၀၁၈)ရက်နေ့ (၁၃း၃၀)နာရီအချိန်တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #kcn_jul2018 … Read more
-
သောက်သုံးရေကန်ပြုပြင်ခြင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၂၅-၅-၂၀၁၈)ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၂)၊ ဦးဝင်းဌေး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ဆင်စွယ်ကျေးရွာအုပ်စု၊ ကျော်ရွာကျေးရွာ၌ သောက်သုံးရေကန်ပြုပြင်ရန် အတွက် ငွေကျပ်သိန်း (၁၇၀)တိတိအား ထောက်ပံ့ခဲ့ရာ (၁၀-၇-၂၀၁၈)ရက်နေ့တွင် အဆိုပါ သောက်သုံးရေကန်ပြုပြင်ခြင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_jul2018 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉.၇.၂၀၁၈)နေ့၊ (၁၃း၃၀)နာရီမှ (၁၅း၀၀)နာရီချိန်အထိ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကြာနီကန်ကျေးရွာအုပ်စု၊ ရှားပေါင်ဓမ္မာရုံ၌ ကျေးရွာသူ၊ ကျေးရွာသား (၁၀၀)ဦးကျော်အား မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေး ခဲ့ပြီး ဘေးနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်၊ မိုးကြိုးဘေးဗီနိုင်းပိုစတာနှင့် ဆပ်ပြာမှုန့်ထုပ်ပေးဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ #ar_tls #bgo_jul2018 Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ နွယ်ကောက်ကျေးရွာအုပ်စု၊ တဲကြီးကုန်းကျေးရွာ၌ (၉.၇.၂၀၁၈)ရက်နေ့ (၁၃း၀၀)နာရီအချိန်မှ (၁၄း၀၀)နာရီအချိန်ထိ ကျေးရွာသူ၊ ကျေးရွာသား (၁၀၀)ဦးအား မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး ဘေးနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်၊ မိုးကြိုးဘေးဗီနိုင်းပိုစတာနှင့် ခေါက်ဆွဲခြောက်ထုပ်များပေးဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ #ar_tls #bgo_jul2018 Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးများနှင့် မိုးကြိုးဘေးအကြောင်း အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၇-၂၀၁၈)ရက်နေ့ ညနေ (၁၅း၀၀)နာရီချိန်မှ (၁၆း၃၀)နာရီချိန်ထိ မြိတ်မြို့နယ်ရှိ မြိတ်ကွန်ပျူတာတက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမ၌ ဆရာ/ဆရာမနှင့် ကျောင်းသား/သူဦးရေ(၃၀၄)ဦးအား သဘာဝဘေးများနှင့်မိုးကြိုးဘေးအကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပြီး ဘေးနှင့်ပတ်သက်သည့် ရှောင်ရန်/ဆောင်ရန်များ ရှင်းလင်းပြောကြားခြင်း၊ ဘောလ်ပင်နှင့် မိုးကြိုးဘေးဗွီနိုင်းပိုစတာပေးအပ် ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_tls #tny_jul2018 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
World Bank မှ Deputy Country Director for Myanmar, Cambodia and Laos PDR နှင့် Head of Office, Myanamr ဖြစ်သူ Ms. Gevorg Sargsyan တို့က ဒုတိယဝန်ကြီး ဦးစိုးအောင်အား လာရောက်တွေ့ဆုံမှုသတင်း
နေပြည်တော် ဇူလိုင် ၉ World Bank မှ Deputy Country Director for Myanmar, Cambodia and Laos PDR နှင့် Head of Office, Myanamr ဖြစ်သူ Ms. Gevorg Sargsyan နှင့်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် လူမှုှဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်အား ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီးဌာနမှ ဆောင်ရွက်နေသော ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှ … Read more
-
Speed boat (၂) စီး နှင့် Fiber boat (၄၀) စီး လက်ခံရရှိမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကမ္ဘာ့ဘဏ်၏ အရေးပေါ်တုံ့ပြန်မှုဆိုင်ရာ အစီအစဉ် (IRM)ဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းများ တွင် အသုံးပြုနိုင်ရန်အတွက် Speed boat (၂)စီး နှင့် Fiber boat (၄၀)စီးတို့အား (၆-၇-၂၀၁၈) ရက်နေ့၌ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ ပုသိမ် သိုလှောင်ရုံတွင် ကောင်းမွန်စွာ လက်ခံရရှိပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။ #otr #ayy_jul2018 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
အသက်ကယ်အကျီႋများ ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွန်ကြားရေးမှူး ဒေါက်တာ အောင်သူရိန်နှင့် ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်တောမြို့နယ်ရှိ ရေလမ်းခရီး အသုံးပြုပြီး လှေစီး၍ ကျောင်းတက်ရ သော ပေါက်တော အထက်တန်းကျောင်းရှိ ကျောင်းသား/သူ (၁၇၅) ဦးတို့အတွက် Lifejacket (အသက်ကယ်အကျီႋ) (၁၇၅) ထည်အား (၅-၇-၂၀၁၈) ရက်နေ့တွင် ကျောင်းသား/သူများလက်ဝယ်သို့ တိုက်ရိုက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #rbe_jul2018 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃.၇.၂၀၁၈)ရက်နေ့ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၊ ခေါင်းဖြူကျေးရွာအုပ်စု၊ ဒဂုံကျေးရွာတွင် မီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုကြောင့် (ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်း) အိမ်ခြေ(၁)လုံး ၊ အိမ်ထောင်စု(၁)အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး ၊ တန်ဖိုး(၃၂၃၅၃ိ/-) ၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး(၆၃၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀ိ/-)တို့အား (၅.၇.၂၀၁၈)ရက်နေ့တွင် ဘေးသင့် ပြည်သူများထံလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #rke_jul2018 Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ ခြင်ဘို့အုပ်စု၊ စစ်ကုန်းအုပ်စု၊ ပဲကြီးကျွန်းအုပ်စုတို့တွင်(၂၉-၆ -၂၀၁၈) ရက်နေ့ဖြစ်ပွားခဲ့သော ကမ်းပြိုမှုကြောင့် ကြိုတင်ရွှေ့ပြောင်း အိမ်ခြေ (၅၄)လုံး၊ အိမ်ခြေ/အိမ်ထောင်စု (၅၄)စု၊ လူဦးရေ (၂၃၁)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ (၅၄)အိမ်ထောင်စာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၅၄)သိန်း၊ ဆန်ရိက္ခာဖိုး(၄၈၅,၁၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၅,၈၈၅,၁၀၀/-)ကျပ်တို့အား (၄.၇.၂၀၁၈)နေ့တွင် ဟင်္သာတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_jul2018 … Read more
