
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကမ္ဘာ့ဘဏ်၏ အရေးပေါ်တုံ့ပြန်မှုဆိုင်ရာ အစီအစဉ် (IRM)ဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းများ တွင် အသုံးပြုနိုင်ရန်အတွက် Speed boat (၂)စီး နှင့် Fiber boat (၄၀)စီးတို့အား (၆-၇-၂၀၁၈) ရက်နေ့၌ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ ပုသိမ် သိုလှောင်ရုံတွင် ကောင်းမွန်စွာ လက်ခံရရှိပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။
#otr
#ayy_jul2018
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)