သောက်သုံးရေကန်ပြုပြင်ခြင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးမှုသတင်း

11_Pic_01 11_Pic_03
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၂၅-၅-၂၀၁၈)ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၂)၊ ဦးဝင်းဌေး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ဆင်စွယ်ကျေးရွာအုပ်စု၊ ကျော်ရွာကျေးရွာ၌ သောက်သုံးရေကန်ပြုပြင်ရန် အတွက် ငွေကျပ်သိန်း (၁၇၀)တိတိအား ထောက်ပံ့ခဲ့ရာ (၁၀-၇-၂၀၁၈)ရက်နေ့တွင် အဆိုပါ သောက်သုံးရေကန်ပြုပြင်ခြင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_drg
#mgy_jul2018
Source:  ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events