
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃.၇.၂၀၁၈)ရက်နေ့ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၊ ခေါင်းဖြူကျေးရွာအုပ်စု၊ ဒဂုံကျေးရွာတွင် မီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုကြောင့် (ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်း) အိမ်ခြေ(၁)လုံး ၊ အိမ်ထောင်စု(၁)အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး ၊ တန်ဖိုး(၃၂၃၅၃ိ/-) ၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး(၆၃၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀ိ/-)တို့အား (၅.၇.၂၀၁၈)ရက်နေ့တွင် ဘေးသင့် ပြည်သူများထံလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#rke_jul2018
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)