
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာရှိ မဟာမထမကျောက်မျက်ကုမ္ပဏီ လုပ်ကွက်ဟောင်းအတွင်း (၂၄.၇.၂၀၁၈)ရက်နေ့ (၁၄း၁၀)နာရီအချိန်တွင် ဖြစ်ပွားခဲ့သော အမြင့်ပေ(၃၀၀)ကျော်ခန့်ရှိ ကမ်းပါးယံမြေစာပြိုကျမှုကြောင့် မြစ်ကြီးနားဆေးရုံသို့ ဆေးကုသရန် ရောက်ရှိလာသော ဒဏ်ရာရရှိသူ (၁၉)ဦးတို့အား ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးဒေါက်တာသင်းလွင်နှင့်အဖွဲ့တို့နှင့်အတူ သွားရောက်တွေ့ဆုံကြည့်ရှု့ခ့ကြပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့မှ အဟာရမုန့်များနှင့် ဒဏ်ရာရသူ (၁)ဦးလျှင် (၅၀၀၀၀ိ/-)နှုန်းဖြင့် ဒဏ်ရာရသူ (၁၉)ဦးအတွက် စုစုပေါင်း(၉၅၀၀၀၀ိ/-)ကျပ်တို့အား (၁၅.၇.၂၀၁၈)ရက်နေ့ (၁၃း၃၀)နာရီအချိန်တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#kcn_jul2018
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)