
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ ခြင်ဘို့အုပ်စု၊ စစ်ကုန်းအုပ်စု၊ ပဲကြီးကျွန်းအုပ်စုတို့တွင်(၂၉-၆ -၂၀၁၈) ရက်နေ့ဖြစ်ပွားခဲ့သော ကမ်းပြိုမှုကြောင့် ကြိုတင်ရွှေ့ပြောင်း အိမ်ခြေ (၅၄)လုံး၊ အိမ်ခြေ/အိမ်ထောင်စု (၅၄)စု၊ လူဦးရေ (၂၃၁)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ (၅၄)အိမ်ထောင်စာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၅၄)သိန်း၊ ဆန်ရိက္ခာဖိုး(၄၈၅,၁၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၅,၈၈၅,၁၀၀/-)ကျပ်တို့အား (၄.၇.၂၀၁၈)နေ့တွင် ဟင်္သာတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#ayy_jul2018
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)