Author Archives: Aye Kyimann
-
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူး ရုံးမှ ဝန်ထမ်းများသည် (၂၃.၇.၂၀၁၈)ရက်နေ့မှစ၍ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့တွင် ဖြစ်ပွားခဲ့သော ရေဘေး၌ ကယ်ဆယ်ရေးစခန်း(၃)ခုရှိ ရေဘေးသင့်ပြည်သူထပ်တိုးအိမ်ထောင်စု(၁၄)စု၊ လူဦးရေ(၅၈)ဦးအတွက် လူတစ်ဦးလျှင် ဆန်ရိက္ခာ (၇)ရက်စာ(၂၁၀၀/-)ကျပ်နှုန်းဖြင့် စုစုပေါင်းဆန်ဖိုးထောက်ပံ့ငွေ(၁၂၁,၈၀၀/-)ကျပ်အား (၂၆.၇.၂၀၁၈)ရက်နေ့ (၃း၀၀)နာရီအချိန်တွင် ကျုံဒိုး မြို့အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများနှင့်အတူ ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေး ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #krn_jul2018 Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ရေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄.၇.၂၀၁၈)ရက်နေ့ ထပ်မံဖြစ်ပွားသည့် တနင်္သာရီမြစ်ရေမြှင့်တက်မှုကြောင့် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရေဘေးကြောင့် ထပ်မံပြောင်းရွှေ့အိမ်ခြေ(၃၈)လုံးမှ အိမ်ထောင်စု(၃၈)စုမှ လူဦးရေစုစုပေါင်း(၁၉၁)ဦးအတွက် ဆန်ဘိုး(၇) ရက်စာ(၄၀၁,၁၀၀/-)ကျပ်အား (၂၆.၇.၂၀၁၈) ရက်နေ့နေ့လည်(၁၅း၃၀)နာရီချိန်တွင် ထောက်ပံ့ပေးပြီး ကျန်ရှိသည့်ပြောင်းရွှေ့အိမ်ထောင်စု များမှ လူဦးရေများအတွက် ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ #ha_fld #tny_jul2018 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်သိကောင်းစရာများနှင့် ငလျင်ဘေးအန္တရာယ်အသိပညာပေး ဆွေးနွေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထာရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ်(၂၁)ခြေလျင်တပ်ရင်းတွင် အရာရှိစစ်သည်၊ ရဲမေများနှင့် တပ်မတော်သားမိသားစုဝင် (၅၀)ကျော်တို့အား သဘာဝဘေးအန္တရာယ်သိကောင်းစရာများနှင့် ငလျင်ဘေးအန္တရာယ် အသိ ပညာပေးဆွေးနွေးဟောပြောခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ပြီး အားလုံးပူးပေါင်းပါဝင်သော လက်တွေ့လေ့ကျင့်မှုအား (၂၆-၇-၂၀၁၈)ရက်နေ့ (၁၀း၀၀)နာရီမှ (၁၁း၃၀)နာရီ အထိ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_eqk #kcn_jul2018 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ပဲခူးတိုင်းဒေသကြီး ရေဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ် ထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိ
ဇူလိုင်၊ ၂၇၊ ပဲခူး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဌ ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းက ပဲခူးမြို့ရှိ ယာယီ ရေဘေးရှောင်စခန်းများသို့ ရောက်ရှိ၍ ရေဘေးသင့်ပြည်သူများကို တွေ့ဆုံကာ အားပေးစကား ပြောကြားပြီးလိုအပ်သော စားနပ်ရိက္ခာနှင့် လူမှုရေးအကူအညီများကို ထောက်ပံ့ပေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးသည် ပဲခူးမြို့ပေါ်ရှိ မွန်ဓမ္မာရုံ၊ မိုးလုံလေလုံအားကစားခန်းမ၊ ရွှေနံ့သာဘုန်းတော်ကြီးကျောင်းနှင့် ကြခတ်ဝိုင်းဘုန်းတော် ကြီးကျောင်းများတွင် ဖွင့်လှစ်ထားသော ရေးဘေးရှောင်စခန်းရှိ ရေဘေးသင့်ပြည်သူများကို အားပေးစကားပြောကြားရာတွင် ကမ္ဘာ့နေရာအသီးသီးတွင် ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်များပိုမိုဖြစ်ပွားလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ယခုလအတွင်း မြန်မာနိုင်ငံ၏ … Read more
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ကမ္ဘဲ့ညောင်ကုန်းကျေးရွာအုပ်စု၊ စက်ဒေါင့်ကြီးကျေးရွာတွင် (၂၄-၇-၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးနေအိမ် (၂)လုံး၊ အိမ်ထောင်စု (၂)စုမှ လူဦးရေ (၉)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုးပါ (၂)ပုံး (၃၇၀၂၀ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၁၀၀၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေ (၁၈၉၀၀ိ/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၁၈၉၀၀ိ/-)ကျပ်တို့အား (၂၆-၇-၂၀၁၈)ရက်နေ့ (၁၈း၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_jul2018 Source: … Read more
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄.၇.၂၀၁၈)ရက်နေ့တွင် ရေဖြူမြို့နယ်ကျခတ်ပင်အင်းကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးသည့် အိမ်တစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁) သိန်းနှင့် လူ(၇)ဦးအတွက် ဆန်ရိက္ခာဖိုး(၁၄၇၀၀/-)ကျပ်၊ (၂၄.၇.၂၀၁၇) နေ့တွင် ရေဖြူမြို့နယ်၊ ရငဲကျေးရွာ၌ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှု တွင် ကနဦးပြောင်းရွှေ့အိမ်ထောင်စု(၉)စုမှ လူဦးရေ (၃၂)ဦးအတွက် ဆန်ဖိုး (၆၇၂၀၀)ကျပ်တို့အား (၂၆.၇.၂၀၁၈)ရက်နေ့ (၁၅း၃၀)နာရီ အချိန်တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #tny_jul2018 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ကွေ့ထောင့်ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာနှင့် မိုးကွဲကျေးရွာအုပ်စု၊ ချင်းယားကျေးရွာတို့တွင် (၂၆.၇.၂၀၁၈)ရက်နေ့၊ (၁၀း၃၀)နာရီအချိန်၌ ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ရေတိုက်စား၍ကမ်းပါးပြို ကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့မှုများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်(၄)လုံး၊ အိမ်ထောင်စု(၄)စု၊ လူဦးရေ(၁၄)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ(၂၉၄၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး(၄၀၀၀၀၀ိ/-)ကျပ်၊ စုစုပေါင်း (၄၂၉၄၀၀ိ/-)ကျပ်တို့အား (၂၆.၇.၂၀၁၈)ရက်နေ့တွင် ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး မှ တာဝန်ရှိသူများနှင့်အတူ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_jul2018 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး … Read more
-
ဘီလင်းမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် ထပ်မံထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘီးလင်းမြို့နယ်၊ မြို့ပေါ်ရပ်ကွက် (၅)ကွက်နှင့် ကျေးရွာ (၅)ရွာရှိ ကယ်ဆယ်ရေးစခန်း(၁၉)ခုသို့ (၂၆-၇-၂၀၁၈)ရက်နေ့ တွင် ဘီးလင်းမြို့နယ်၊ သာသနာ့ဗိမာန်၌ ထပ်တိုးရေဘေးရှောင်ပြည်သူ အိမ်ထောင်စု (၃၁၁)စု၊ လူဦးရေ (၁၃၇၁)ဦးအတွက် (၇)ရက်စာ ဆန်ဖိုးငွေ(၂၈၇၉၁၀၀ိ/-) ကျပ်အား (၂၆-၇-၂၀၁၈)ရက်နေ့တွင် ရေဘေးရှောင်ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ရာ ယခုချိန်အထိ စုစုပေါင်း အိမ်ထောင်စု (၅၇၀)စု၊ လူဦးရေ (၂၄၂၄)ဦးအတွက် ဆန်ဖိုးငွေ (၇)ရက်စာ (၅,၀၆၉,၄၀၀/-)ကျပ်ရှိနေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။ #ha_fld #mon_jul2018 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး … Read more
-
မြစ်ရေကြီးခြင်း သတိပေးချက်
================================================= ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၃:၀၀) နာရီချိန်တွင် မိုးလေဝသနှင့်ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးခြင်းသတိပေးချက် ကိုအောက်ပါအတိုင်းထုတ်ပြန်ထားပါသည်။ ============================================== ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန်တိုင်းထွာချက် အရစစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၂)ပေခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက်(၂)ရက်အတွင်းယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ ============================================== သို့ဖြစ်ပါ၍ တောင်ငူမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
-
မြစ်ရေကြီးမှုအခြေအနေသတင်း
================================================ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၃:၀၀) နာရီချိန်တွင် မိုးလေဝသနှင့်ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးမှူအခြေအနေသတင်း ကိုအောက်ပါအတိုင်းထုတ်ပြန်ထားပါသည်။ သံလွင်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရသံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၃)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီးနောက် (၂)ရက်အတွင်းပေဝက်ခန့် ဆက်လက်တက်လာနိုင်ကာယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ ============================================== စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရစစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် (၄)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီးနောက် (၃)ရက်အတွင်းယင်းမြို့၏ … Read more
