
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ကမ္ဘဲ့ညောင်ကုန်းကျေးရွာအုပ်စု၊ စက်ဒေါင့်ကြီးကျေးရွာတွင် (၂၄-၇-၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးနေအိမ် (၂)လုံး၊ အိမ်ထောင်စု (၂)စုမှ လူဦးရေ (၉)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုးပါ (၂)ပုံး (၃၇၀၂၀ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၁၀၀၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေ (၁၈၉၀၀ိ/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၁၈၉၀၀ိ/-)ကျပ်တို့အား (၂၆-၇-၂၀၁၈)ရက်နေ့ (၁၈း၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_jul2018
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)