မြစ်ရေကြီးမှုအခြေအနေသတင်း

================================================
2 3 4

1
၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၃:၀၀) နာရီချိန်တွင် မိုးလေဝသနှင့်ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးမှူအခြေအနေသတင်း ကိုအောက်ပါအတိုင်းထုတ်ပြန်ထားပါသည်။

သံလွင်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ

ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရသံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၃)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီးနောက် (၂)ရက်အတွင်းပေဝက်ခန့် ဆက်လက်တက်လာနိုင်ကာယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။
==============================================
စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ

ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရစစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် (၄)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီးနောက် (၃)ရက်အတွင်းယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။
==============================================
ပဲခူးမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ

ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် (၁)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီးနောက် (၁)ရက်အတွင်းပေဝက်ခန့် ဆက်လက်တက်လာနိုင်ကာယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။
==============================================
ရွှေကျင်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ

ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် (၂)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီးနောက်(၁)ရက်အတွင်းပေဝက်ခန့် ဆက်လက်တက်လာနိုင်ကာယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။
==============================================
အကြံပြုချက်

သို့ဖြစ်ပါ၍ ဘားအံမြို့နယ်၊ ပဲခူးမြို့နယ်၊ ရွှေကျင်မြို့နယ်နှင့် မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီး နှင့်မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

Sign Up

Upcoming Events