
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူး ရုံးမှ ဝန်ထမ်းများသည် (၂၃.၇.၂၀၁၈)ရက်နေ့မှစ၍ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့တွင် ဖြစ်ပွားခဲ့သော ရေဘေး၌ ကယ်ဆယ်ရေးစခန်း(၃)ခုရှိ ရေဘေးသင့်ပြည်သူထပ်တိုးအိမ်ထောင်စု(၁၄)စု၊ လူဦးရေ(၅၈)ဦးအတွက် လူတစ်ဦးလျှင် ဆန်ရိက္ခာ (၇)ရက်စာ(၂၁၀၀/-)ကျပ်နှုန်းဖြင့် စုစုပေါင်းဆန်ဖိုးထောက်ပံ့ငွေ(၁၂၁,၈၀၀/-)ကျပ်အား (၂၆.၇.၂၀၁၈)ရက်နေ့ (၃း၀၀)နာရီအချိန်တွင် ကျုံဒိုး မြို့အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများနှင့်အတူ ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေး ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fld
#krn_jul2018
Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)