ရေဘေးအတွက် ထောက်ပံ့မှုသတင်း

28_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄.၇.၂၀၁၈)ရက်နေ့ ထပ်မံဖြစ်ပွားသည့် တနင်္သာရီမြစ်ရေမြှင့်တက်မှုကြောင့် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရေဘေးကြောင့် ထပ်မံပြောင်းရွှေ့အိမ်ခြေ(၃၈)လုံးမှ အိမ်ထောင်စု(၃၈)စုမှ လူဦးရေစုစုပေါင်း(၁၉၁)ဦးအတွက် ဆန်ဘိုး(၇) ရက်စာ(၄၀၁,၁၀၀/-)ကျပ်အား (၂၆.၇.၂၀၁၈) ရက်နေ့နေ့လည်(၁၅း၃၀)နာရီချိန်တွင် ထောက်ပံ့ပေးပြီး  ကျန်ရှိသည့်ပြောင်းရွှေ့အိမ်ထောင်စု များမှ လူဦးရေများအတွက် ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

#ha_fld
#tny_jul2018
Source:  မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events