Author Archives: Aye Kyimann

  • မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၉-၂၀၁၈)ရက်နေ့ ညနေ (၁ရး၃၀)အချိန် မြောက်ဦးမြို့နယ်၊ ဘာညိုကျေးရွာအုပ်စု၊ ဘာညိုကျေးရွာနေ ကျော်တင်ဝင်း(ဘ)ဦးအောင်ကျော်ဇော၊ အသက်(၂၉)နှစ် လယ်လုပ်၊ တစ်ရွာတည်းနေ ဘလှိုင်(ဘ)ဦးစံသာလှ၊ အသက်(၂၇)နှစ်၊ သူရင်းငှါးနှင့် ဆန်းမြရီ (ဘ)ဦးငိုကြူးအောင် အသက်(၂၆)နှစ်တို့ (၃)ဦးမှာ ဘာညိုကျေးရွာ၏ အနောက်ဘက်လယ်ကွင်းတွင် နွားစာမြက်ရိတ်နေစဉ် မိုးရွာ သွန်းမှုကြောင့် ဦးလှဖော်အောင်၏ လယ်တဲတွင်ခိုနားနေကြရာ မိုးကြိုးထိမှန်၍ သေဆုံးသွားခဲ့ရသဖြင့် သေဆုံးသူ(၃)ဦးအတွက် ထောက်ပံ့ ငွေ(၉၀၀,၀၀၀/-)ကျပ်အား (၁၅-၁၀-၂၀၁၈)ရက်နေ့တွင် သေဆုံးသူများ၏ မိဘဆွေမျိုးများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း … Read more

  • ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းပြားမြို့နယ်၊ ပန်းမြောင်း၊ ကျေးရွာအုပ်စုဥယျာဉ်သာရပ်တွင် (၁၂-၁၀-၂၀၁၈)ရက်နေ့ ဖြစ်ပွားသော လေးမြို့ မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမည်ဖြစ်သဖြင့် ကမ်းပါးမပြိုကျမီ ကြိုတင်ဖျက်သိမ်း၍ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသော လူနေအိမ် (သွပ်မိုး/ဝါးထရံကာ/ပျဉ်ခင်း)(၅)လုံး အိမ်ထောင်စု (၅)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀၀/-)ကျပ်နှင့် လူဦးရေ (၁၆)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ (၂၈)ပြည်တို့အား (၁၅-၁၀-၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူများ ထံသို့ လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #rke_oct2018 Source:      … Read more

  • ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီမြစ်ကမ်းပါးပြိုကျ မှုကြောင့် (၃၀.၉.၂၀၁၈)ရက်နေ့တွင် ကျွန်းမီးအုပ်စု၊ ကျွန်းမီးကျေးရွာ၌ ကမ်းပြိုဘေးကြို တင်ရွှေ့ပြောင်းနေအိမ်(၁)လုံး၊ (၁.၁၀.၂၀၁၈)ရက်နေ့ တွင် ကျွန်းမီးအုပ်စု၊ ရွှေတောင်စုကျေးရွာ၌ ကမ်းပြိုဘေးကြိုတင်ရွှေ့ပြောင်းနေအိမ် (၄)လုံး၊ (၅.၁၀.၂၀၁၈)ရက်နေ့တွင် ကျွန်းမီးအုပ်စု၊ ရွှေတောင်စုကျေးရွာ၌ ကမ်းပြိုဘေးကြို တင်ရွှေ့ပြောင်းနေအိမ်(၆)လုံး၊ စုစုပေါင်းကြိုတင် ရွှေ့ပြောင်းနေအိမ်(၁၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၁၀၀၀၀၀/-)ကျပ်တို့အား (၁၀.၁၀.၂၀၁၈)ရက်နေ့၊ နေ့လယ် (၁၃း၅၀)နာရီအချိန်တွင် ပန်းတောင်းမြို့အထွေထွေ အုပ်ချုပ်ရေးဌာနတွင် ကျေးရွာပြည်သူများလက်ဝယ် သို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe … Read more

  • မိုးကြိုးဘေးအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် မိုးကြိုးဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၁၀.၁၀.၂၀၁၈)ရက်နေ့ ဘိုကလေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမတွင် (၇.၁၀.၂၀၁၈) ရက်နေ့၊ ပျဉ်းမကုန်းကျေးရွာအုပ်စု၊ ကဇန်းဒေါင့်ကျေးရွာ၊ ကဇန်းဒေါင့်မြစ်အတွင်း ငါးဖမ်းပိုက်မျောနေစဉ် မိုးကြိုးပစ်ခံရ၍ သေဆုံးခဲ့သော ဇနီးမောင်နှံ (၂)ဦးအတွက် တစ်ဦးလျှင်ထောက်ပံ့ငွေ (၃၀၀၀၀ဝ/-)နှုန်းဖြင့် (၂)ဦးအတွက် (၆၀၀၀၀ဝ/-)ကျပ် ကို လွှတ်တော်ကိုယ်စား လှယ်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာအကြီးအကဲ များရှေ့မှောက်တွင် သေဆုံးသူ၏ မိဘများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ အစည်းအဝေးအခမ်းအနားသို့ တက်ရောက်လာသူ (၅၀)ဦးခန့်အား မိုးကြိုးဘေးနှင့်စပ်လျဉ်းသည့် … Read more

  • လေဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စစ်ပင်ကြီးကျေးရွာအုပ်စု စစ်ပင်ကြီး ကျေးရွာ၌ (၆-၁၀-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးနေအိမ် (၃) လုံး အိမ်ထောင်စု (၃)စုမှ လူဦးရေ (၁၂) ဦးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးငွေကျပ် (၁၅၀၀၀၀/-)၊ ဆန်ရိက္ခာရန်ပုံငွေ (၂၅၂၀၀/-)၊ စုစုပေါင်းရန်ပုံငွေ (၁၇၅၂၀၀/-)ကျပ်နှင့် ကယ်ဆယ် ရေးပစ္စည်း (၁၁)မျိုး (၃)အိမ်ထောင်စာ (၅၅၅၃၀/-)ကျပ်တို့အား လေဘေးသင့်ပြည်သူများ ထံသို့ ကျေးရွာအုပ်ချုပ်ရေးမှူးရပ်မိရပ်ဖများ၏ … Read more

  • လေဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အောင်လံမြို့နယ်၊ ပြလို့ကျေးရွာအုပ်စု၊ ပြင်းပေါက်ကျေးရွာတွင် (၈.၁၀.၂၀၁၈)ရက်နေ့၊ (၁၃း၅၀)နာရီမှ (၁၃း၆၀)နာရီအချိန်အထိ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံးအမိုးလန်ခဲ့ပြီး အိမ်ထောင်စု(၁)စု၊ လူဦးရေ စုစုပေါင်း(၇)ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၁၄၇၀၀/-)ကျပ်နှင့် နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀/-)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၄၄၇၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၁)အိမ်ထာင်စာတို့အား (၉.၁၀.၂၀၁၈)ရက်နေ့တွင် အောင်လံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၏ရှေ့မှောက်တွင် ပြင်းပေါက်ကျေးရွာစာရေးလက်ဝယ်သို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mgy_oct2018 Source:     သရက်ခရိုင်ဦးစီးမှူးရုံး … Read more

  • မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၁၀-၂၀၁၈)ရက်နေ့ (၀၆း၀၀)အချိန်တွင် တပ်ကုန်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်မှုဖြစ်ပွားခဲ့ရာ ကျောက်စရစ်ကုန်းကျေးရွာ အုပ်စု၊ ကျွဲလည်ပင်းကျေးရွာအနောက်ဘက်ယာကွက်ထဲရှိ မောင်နေလင်း (ဘ)ဦးမြင့်အောင်(၃၅)နှစ်သည် မိုးကြိုးစက်ကွင်းထိမှန်၍ဒဏ်ရာရှိ ခဲ့ပြီး ဇနီးဖြစ်သူ မဇင်မာဝင်း(ဘ)ဦးပေတိုး (၃၁)နှစ်သည်ဒဏ်ရာရရှိပြီး ဆေးရုံတွင်သေဆုံးခဲ့ရာသေဆုံး သူ(၁)ဦးအတွက် ရန်ပုံငွေ(၃၀၀၀၀၀/-)နှင့် အဆိုပါ မိုးကြိုးဘေးမှ ဒဏ်ရာရလူနာ(၁)ဦးအတွက် ရန်ပုံငွေ(၅၀၀၀၀/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၃၅၀၀၀၀/-)ကျပ်တို့အား (၈-၁၀-၂၀၁၈)နေ့တွင် ကျန်ရစ်သူမိသားစုများ လက်ဝယ်သို့သွားရောက် … Read more

  • Cyclone Shelter ပြုပြင်ထိန်းသိမ်းပြီးစီးမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် မြို့နယ်စာရင်းစစ်အဖွဲ့တို့နှင့် အတူ (၉.၁၀.၂၀၁၈)ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ ကဒုံကနိကျေးရွာအုပ်စု၊ ကဒုံကနိ အမှတ်(၁)ရပ်ကွက် အတွင်းရှိ Shelter ပြုပြင်ထိန်းသိမ်းပြီးစီးမှုအခြေ အနေအား ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #ayy_oct2018 Source:     ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ဒေါင့်ကြီးကျေးရွာအုပ်စုနှင့် မြစ်ကျိုးချောင်းကျေးရွာတို့ တွင် (၁၉.၉.၂၀၁၈)ရက်နေ့ လေဘေးကြောင့် အမိုးလန်ပျက်စီးသွားသော အိမ်ခြေ(၁)လုံး၊ ၎င်းအိမ်ထောင်စု (၁)စုရှိ လူဦးရေ (၇) ဦးတို့အတွက် (၁၈၅၁၀/-)ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေး ပစ္စည်း(၁၀)မျိုး(၁)အိမ်ထောင်စာ၊ အိမ်ဆောက် ပစ္စည်းဖိုး(၂၅၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာဖိုး(၁၄၇၀၀/-) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၃၉၇၀၀/-)ကျပ်တို့အား (၈-၁၀-၂၀၁၈)ရက်နေ့တွင်  လေးမျက်နှာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_oct2018 Source:    … Read more

Sign Up

Upcoming Events