
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ဒေါင့်ကြီးကျေးရွာအုပ်စုနှင့် မြစ်ကျိုးချောင်းကျေးရွာတို့ တွင် (၁၉.၉.၂၀၁၈)ရက်နေ့ လေဘေးကြောင့် အမိုးလန်ပျက်စီးသွားသော အိမ်ခြေ(၁)လုံး၊ ၎င်းအိမ်ထောင်စု (၁)စုရှိ လူဦးရေ (၇) ဦးတို့အတွက် (၁၈၅၁၀/-)ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေး ပစ္စည်း(၁၀)မျိုး(၁)အိမ်ထောင်စာ၊ အိမ်ဆောက် ပစ္စည်းဖိုး(၂၅၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာဖိုး(၁၄၇၀၀/-) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၃၉၇၀၀/-)ကျပ်တို့အား (၈-၁၀-၂၀၁၈)ရက်နေ့တွင် လေးမျက်နှာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_oct2018
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)