ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းမြင့်မားရေး မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး ပွဲပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်မှုသတင်း

16_Pic_01

အောက်တိုဘာ ၁၅၊ နေပြည်တော်

ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းမြင့်မားရေးအစီအစဉ်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရေးဆွေးနွေးပွဲကို မြန်မာနိုင်ငံကြက်ခြေနီအသင်းကဦးဆောင်၍ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ M Gallery Hotel တွင် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် နိုင်ငံတော်က ပြည်သူအတွက် အကျိုးပြု လုပ်ငန်းများတွင် စုပေါင်းအားဖြင့် အောင်မြင်စွာ အကောင်အထည် ဖေါ်ဆောင်ရွက်နေသည့်အတွက် ယခုဆွေးနွေးပွဲသည် အရေးပါသည့် ဆွေးနွေးပွဲ တစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ဝန်ကြီးဌာနများ၊  ပြည်သူ များနှင့်ပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ်များသည်လည်း မိမိတို့ဝန်ကြီးဌာနက ဆောင်ရွက်နေသော လုပ်ငန်းများနှင့် ပေါင်းစပ်ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရကြောင်း၊  ဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများကိုဆောင်ရွက်ရာ တွင် လူမှုဆိုင်ရာ ဘေးဒဏ်များသဘာဝဘေးနှင့် လူကြောင့်ဖြစ်သောဘေးဒဏ်များကို  ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်စွမ်းရှိသော လူမှု အသိုက်အဝန်းများ ဖြစ်ပေါ်လာအောင် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ ချရေးလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ခြင်းဖြင့် ဘေးအန္တရာယ်ကို ကြံ့ကြံံ့ခိုင်ရင်နိုင်ရန် ကြိုတင်ပြင်ဆင်ခြင်းဖြစ်ရာ မြန်မာနိုင်ငံပြည်သူလူထု သဘာဝဘေး ရင်ဆိုင်တုံ့ပြန်နိုင် စွမ်းမြင့်မားစေရေး အမျိုးသား အဆင့်မူဘောင် (Myanmar National Framework for Community Disaster Resilience)၊  မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံး ရှုံးနိုင်ခြေ လျော့ပါးရေးလုပ်ငန်းစီမံချက် ( Myanmar Action Plan on Disaster Risk Reduction – MAPDRR) တို့ကို ၂၀၁၇ ခုနှစ်တွင် အသစ်ပြန်လည်ရေးဆွဲခဲ့ပြီး ဆန်ဒိုင်းမူဘောင် (၂၀၁၅- ၂၀၃၀)၊ စဉ်ဆက်မပြက် ဖွံ့ဖြိုးမှုပန်းတိုင်များ၊ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ပဲရစ်သဘော တူညီချက် အစရှိသည့် ကမ္ဘာလုံးဆိုင်ရာ မူဘောင်များနှင့် ချိတ်ဆက်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပြည်သူတစ်ဦးချင်းကစ၍ ဘေးဒဏ် ရင်ဆိုင်နိုင်စွမ်းမြင့်မားစေရန် အသိပညာပေးလုပ်ငန်းများဖြစ်သော သင်တန်းများဖွင့်လှစ်ခြင်း၊ ဟောပြောပွဲ များပြုလုပ်ခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများကျင်းပခြင်း ပြည်သူလူထုကိုယ်တိုင်ပါဝင် သော ဇာတ်တိုက်လေ့ကျင်းခြင်းများကို ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ကြက်ခြေနီ အသင်းအနေဖြင့် မြို့နယ်ပေါင်း(၃၃၀)တွင် လေ့ကျင့်ထားသော စေတနာလုပ်အားရှင် (၄၄,၀၀၀) ကျော်ခန့်ရှိပြီး ၂၀၁၆ -၂၀၂၀ မဟာဗျူဟာအရ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုလုပ်ငန်း၊ မိခင်နှင့်ကလေးများအား ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်း၊ ရွေ့လျားဆေးကုသခြင်းလုပ်ငန်း၊ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုလုပ်ငန်း၊ အသက်မွေးဝမ်း ကျောင်းပညာသင်ကြားပေးရေး စီမံချက်၊ လူငယ်များပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များ၊ ကျား/မ ရေးရာနှင့် အားလုံးအကျုံးဝင်ပါဝင်ရေးလုပ်ငန်းများ၊ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးလုပ်ငန်းများကို အကောင်အထည်ဖေါ်လျက်ရှိရာ မိမိတို့ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသော စီမံချက် များ၊ စီမံကိန်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်နိုင်ပြီး ပြည်သူ့အကျိုးကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။
ဆက်လက်၍ ကျန်းမာရေးနှုင့်အားကစား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်း ဥက္ကဌပါမောက္ခ ဒေါက်တာဒေါ်မြသူ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့်လခြမ်းနီများအသင်းဖက်ဒရေးရှင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များက အသီးသီးဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl1
#npw_oct2018
Source:   MSWRR

Sign Up

Upcoming Events