
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၁၀.၁၀.၂၀၁၈)ရက်နေ့ ဘိုကလေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမတွင် (၇.၁၀.၂၀၁၈) ရက်နေ့၊ ပျဉ်းမကုန်းကျေးရွာအုပ်စု၊ ကဇန်းဒေါင့်ကျေးရွာ၊ ကဇန်းဒေါင့်မြစ်အတွင်း ငါးဖမ်းပိုက်မျောနေစဉ် မိုးကြိုးပစ်ခံရ၍ သေဆုံးခဲ့သော ဇနီးမောင်နှံ (၂)ဦးအတွက် တစ်ဦးလျှင်ထောက်ပံ့ငွေ (၃၀၀၀၀ဝ/-)နှုန်းဖြင့် (၂)ဦးအတွက် (၆၀၀၀၀ဝ/-)ကျပ် ကို လွှတ်တော်ကိုယ်စား လှယ်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာအကြီးအကဲ များရှေ့မှောက်တွင် သေဆုံးသူ၏ မိဘများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ အစည်းအဝေးအခမ်းအနားသို့ တက်ရောက်လာသူ (၅၀)ဦးခန့်အား မိုးကြိုးဘေးနှင့်စပ်လျဉ်းသည့် ဆောင်ရန်/ရှောင်ရန်များ ဆွေးနွေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_tls
#ar_tls
#ayy_oct2018
Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)