
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အောင်လံမြို့နယ်၊ ပြလို့ကျေးရွာအုပ်စု၊ ပြင်းပေါက်ကျေးရွာတွင် (၈.၁၀.၂၀၁၈)ရက်နေ့၊ (၁၃း၅၀)နာရီမှ (၁၃း၆၀)နာရီအချိန်အထိ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံးအမိုးလန်ခဲ့ပြီး အိမ်ထောင်စု(၁)စု၊ လူဦးရေ စုစုပေါင်း(၇)ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၁၄၇၀၀/-)ကျပ်နှင့် နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀/-)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၄၄၇၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၁)အိမ်ထာင်စာတို့အား (၉.၁၀.၂၀၁၈)ရက်နေ့တွင် အောင်လံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၏ရှေ့မှောက်တွင် ပြင်းပေါက်ကျေးရွာစာရေးလက်ဝယ်သို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mgy_oct2018
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)