မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း

9_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၁၀-၂၀၁၈)ရက်နေ့ (၀၆း၀၀)အချိန်တွင် တပ်ကုန်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်မှုဖြစ်ပွားခဲ့ရာ ကျောက်စရစ်ကုန်းကျေးရွာ အုပ်စု၊ ကျွဲလည်ပင်းကျေးရွာအနောက်ဘက်ယာကွက်ထဲရှိ မောင်နေလင်း (ဘ)ဦးမြင့်အောင်(၃၅)နှစ်သည် မိုးကြိုးစက်ကွင်းထိမှန်၍ဒဏ်ရာရှိ ခဲ့ပြီး ဇနီးဖြစ်သူ မဇင်မာဝင်း(ဘ)ဦးပေတိုး (၃၁)နှစ်သည်ဒဏ်ရာရရှိပြီး ဆေးရုံတွင်သေဆုံးခဲ့ရာသေဆုံး သူ(၁)ဦးအတွက် ရန်ပုံငွေ(၃၀၀၀၀၀/-)နှင့် အဆိုပါ မိုးကြိုးဘေးမှ ဒဏ်ရာရလူနာ(၁)ဦးအတွက် ရန်ပုံငွေ(၅၀၀၀၀/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၃၅၀၀၀၀/-)ကျပ်တို့အား (၈-၁၀-၂၀၁၈)နေ့တွင် ကျန်ရစ်သူမိသားစုများ လက်ဝယ်သို့သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_tls
#npw_oct2018
Source:     ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events