လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီမြစ်ကမ်းပါးပြိုကျ မှုကြောင့် (၃၀.၉.၂၀၁၈)ရက်နေ့တွင် ကျွန်းမီးအုပ်စု၊ ကျွန်းမီးကျေးရွာ၌ ကမ်းပြိုဘေးကြို တင်ရွှေ့ပြောင်းနေအိမ်(၁)လုံး၊ (၁.၁၀.၂၀၁၈)ရက်နေ့ တွင် ကျွန်းမီးအုပ်စု၊ ရွှေတောင်စုကျေးရွာ၌ ကမ်းပြိုဘေးကြိုတင်ရွှေ့ပြောင်းနေအိမ် (၄)လုံး၊ (၅.၁၀.၂၀၁၈)ရက်နေ့တွင် ကျွန်းမီးအုပ်စု၊ ရွှေတောင်စုကျေးရွာ၌ ကမ်းပြိုဘေးကြို တင်ရွှေ့ပြောင်းနေအိမ်(၆)လုံး၊ စုစုပေါင်းကြိုတင် ရွှေ့ပြောင်းနေအိမ်(၁၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၁၀၀၀၀၀/-)ကျပ်တို့အား (၁၀.၁၀.၂၀၁၈)ရက်နေ့၊ နေ့လယ် (၁၃း၅၀)နာရီအချိန်တွင် ပန်းတောင်းမြို့အထွေထွေ အုပ်ချုပ်ရေးဌာနတွင် ကျေးရွာပြည်သူများလက်ဝယ် သို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#bgo_oct2018
Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)