Author Archives: Aye Kyimann
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆.၄.၂၀၁၉)ရက်နေ့၌ မီးဖိုရှိ ၊ မီးကြွင်းမီးကျန်မှ မီးလောင်မှု ဖြစ်ပွားခဲ့မှုကြောင့် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ အမှတ်(၁၅) ရပ်ကွက်၊ မြို့ရှောင်လမ်းဘေးတွင် မီးဘေးသင့်အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ ဘေးသင့်လူဦးရေ(၃)ဦး ဘေးသင့်ခဲ့ရာ အိမ်ဆောက်ပစ္စည်ဖိုး (၁၀၀,၀၀၀/−)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး (၆,၃၀၀/−)ကျပ်၊ စုစုပေါင်း(၁၀၆,၃၀၀/-)ကျပ် (ကျပ်တစ်သိန်းခြောက်ထောင့်သုံးရာတိတိ)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးတို့အား (၇.၄.၂၀၁၉)ရက်နေ့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ အနာဂါတ်အလင်းရောင်လူငယ် ဖွံ့ဖြိုးရေးအသင်း ဥက္ကဌ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ မီးဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း … Read more
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆.၄.၂၀၁၉)ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ဖောင်းကွဲကျေးရွာအုပ်စု၊ ဖောင်းကွဲကျေးရွာ၊ ထန်းတပင်ကျေးရွာ၊ ဖောင်ချောင်းကျေးရွာ၊ ဝါးကျွန်းတွင်းကျေးရွာ၊ မကျီးတန်းကျေးရွာ၊ ရေလာကျေးရွာအုပ်စု၊ ရေလာလေးကျေးရွာ၊ ညောင်ဂျစ်ပင်ကျေးရွာ၊ ရေမျက်ကျေးရွာအုပ်စု၊ ရေမျက်ကျေးရွာ၊ ရွာသာအေးကျေးရွာ၊ ပြည့်အိုင်ကျေးရွာနှင့် ကမ္မမြို့ ၊ အမှတ် (၁/၂/၃/၆)ရပ်ကွက်/ကျေးရွာများတွင် လေဘေးသင့် အမိုးလန် သီလရှင်ကျောင်း(၁)ကျောင်း၊ ပြိုကျပျက်စီး အိမ်ခြေ(၇)လုံး၊ အမိုးလန်အိမ်ခြေ(၆၅)လုံး၊ အိမ်ထောင်စု(၇၂)စု၊ ဘေးသင့်လူဦးရေ(၃၃၃)ဦး ဘေးသင့်ခဲ့ရာ ကျောင်း/ အိမ်ဆောက်ပစ္စည်ဖိုး (၃,၇၁၅,၀၀၀/−)ကျပ်၊ … Read more
-
အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်များ စိုက်ထူပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၉-၄-၂၀၁၉) ရက်နေ့တွင် နွေရာသီတွင် ရေရှားပါးမှုဖြစ်ပေါ်လေ့ရှိသော ပင်းတယမြို့နယ်၊ နမ့်ပလန် ကျေးရွာ ပညာရွှေအိုးစာကြည့်တိုက်ရှေ့တွင်လည်းကောင်း၊ ရှားပြားကျေးရွာ ရှားပြား ဘုန်းတော်ကြီးကျောင်းရှေ့တွင်လည်းကောင်း၊ မြေခြားတောင်ကျေးရွာရွာအဝင်လမ်းတွင်လည်းကောင်း၊ ဝါတရာကျေးရွာအခြေခံ ပညာမူလတန်းကျောင်းရှေ့တွင်လည်းကောင်း၊ လမ်း ဆုံ၌ မိုးခေါင်ရေရှားပါးဘေးကြိုတင်ပြင် ဆင်ခြင်းနှင့်စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် အသိပညာပေးဗီနိုင်းဆိုင်းဘုတ်များ စိုက်ထူ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ကြာကန်ကျေးရွာ(တောင်ပိုင်း)၊ ကြာကန်ကျေးရွာ(ကားဂိတ်တန်း) ရှိ ပြည်သူများ စက်ရေတွင်းမရှိသည့်အတွက် သောက်သုံးရေများ ပြတ်လပ်လျက်ရှိသော အိမ်ခြေ(၁၀၀)လုံး၊ အိမ်ထောင်စု (၁၁၅)စု၊ လူဦးရေ (၅၅၀)ဦးခန့်အတွက် သောက်သုံးရေ (၆၀၀၀)ဂါလံကို (၉-၄-၂၀၁၉)ရက်နေ့၊ (၁၀း၀၀)နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေး ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_apr2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ဇာဟောကျေးရွာအုပ်စု၊ ဇာဟောကျေးရွာတွင် (၈-၄-၂၀၁၉)ရက်နေ့ (၁၅း၃၀)နာရီအချိန်၌ မိုးသည်းထန်စွာရွာ သွင်းမှုကြောင့် မိုးကြိုးထိမှန်သေဆုံး သူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀/-) ကိုဂန့်ဂေါ မြို့နယ်အထွေထွေအုပ်ချုပ်ရး ဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ ဇာဟောကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် အတူ (၈-၄-၂၀၁၉)ရက်နေ့ (၂၀း၄၅) နာရီအချိန်တွင် သေဆုံးသူ၏ ကျန်ရစ်သူမိသားစု လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ #ha_tls #mgy_apr2019 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၉-၄-၂၀၁၉) ရက်နေ့၌ လပွတ္တာမြို့နယ်၊ သနပ်ဖက်ကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာမှ လေပြင်း ဒဏ်ခံနိုင်ရည် အားနည်းသည့် နေအိမ်များအား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ကျေးရွာရှိ စေတနာ့ဝန်ထမ်း လူငယ်များ နှင့် ပူးပေါင်း၍ နေအိမ်မွမ်းမံပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_sgw #ayy_apr2019 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာ သွန်းခြင်းများကြောင့် အိုးအိမ်များထိခိုက်ပျက်စီး မှုနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်လျက်ရှိ
၁။ ၂၀၁၉ ခုနှစ်၊ ဧပြီလ(၆)ရက်နေ့နှင့် (၇)ရက်နေ့တို့၌ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းများဖြစ်ပွားခဲ့ရာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် နေအိမ်(၇၂)လုံး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်နှင့် ကသာမြို့နယ်တို့တွင် နေအိမ် (၁၃၇)လုံး၊ ဘာသာရေး အဆောက်အဦ(၂)လုံး၊ စုစုပေါင်းနေအိမ်(၂၀၉)လုံး၊ ဘာသာရေးအဆောက်အဦ(၂)လုံး အမိုးအကာများ ပျက်စီးခဲ့ကြောင်း သိရှိရပါသည်။ ၂။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ထိခိုက်ပျက်စီးမှုများကြောင့် ဘေးသင့် ပြည်သူ များအတွက် ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်း ဖိုးများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို သက်ဆိုင်ရာဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ တိုင်းဒေသကြီးနှင့် ခရိုင်ဉီးစီးမှူးရုံးများ မှ … Read more
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ တိုက်စွန်း ဝန်း ရပ်ကွက်တွင် (၆-၄-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့သည့် နေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၄)ဦးအတွက် (၃၇,၃၅၃/-)ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်း ဖိုး (၁၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေ (၈,၄၀၀/-)ကျပ်၊ မီးဘေးကြောင့် ထိခိုက်ဒဏ်ရာရသူ (၁)ဦးအတွက် … Read more
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး ရုံးနှင့် ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်တောင်းမြို့နယ် ရပ်ကွက် (၃)ခုနှင့် ကျေးရွာအုပ်စု (၇)စုတွင် (၂.၄.၂၀၁၉)ရက်နေ့ ညနေ(၁၆း၃၀)နာရီအချိန် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ခဲ့သည့် အမိုးလန်နှင့် တစိတ်တပိုင်းပျက်စီးလူနေအိမ်ခြေ (၁၃၀)လုံးနှင့် ဘာသာရေးအဆောက်အဦ (၂)ခု စုစုပေါင်း (၁၃၂)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၂,၆၃၈,၀၀၀/-) ကျပ်အား (၈.၄.၂၀၁၉)ရက်နေ့ နေ့လည် (၁၃း၀၀) အချိန် ပန်းတောင်းမြို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မြို့နယ်ဒုတိယ အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူး … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား မလေးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သောအဖွဲ့က လာရောက်တွေ့ဆုံမှုသတင်း
ဧပြီ ၈၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား မလေးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Dato’ Saifuddin Abdullah ဦးဆောင်သည့် အဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လာရောက် တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် မလေးရှားနိုင်ငံက အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီအား ၂၀၁၈ ခုနှစ်တွင် ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီးနောက် ယခုနှစ်တွင် မြန်မာ နိုင်ငံက ဥက္ကဌအဖြစ်ဆောင်ရွက်သွား မည်ဖြစ်ပြီး သက်ဆိုင်ရာအစည်းအဝေးများအား အိမ်ရှင်အဖြစ် လက်ခံကျင်းပဆောင်ရွက်မည့် အခြေအနေများ၊ … Read more
