မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

9_Pic_03 9_Pic_04
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆.၄.၂၀၁၉)ရက်နေ့၌ မီးဖိုရှိ ၊ မီးကြွင်းမီးကျန်မှ မီးလောင်မှု ဖြစ်ပွားခဲ့မှုကြောင့် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ အမှတ်(၁၅) ရပ်ကွက်၊ မြို့ရှောင်လမ်းဘေးတွင် မီးဘေးသင့်အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ ဘေးသင့်လူဦးရေ(၃)ဦး ဘေးသင့်ခဲ့ရာ အိမ်ဆောက်ပစ္စည်ဖိုး (၁၀၀,၀၀၀/−)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး (၆,၃၀၀/−)ကျပ်၊ စုစုပေါင်း(၁၀၆,၃၀၀/-)ကျပ် (ကျပ်တစ်သိန်းခြောက်ထောင့်သုံးရာတိတိ)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးတို့အား (၇.၄.၂၀၁၉)ရက်နေ့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ အနာဂါတ်အလင်းရောင်လူငယ် ဖွံ့ဖြိုးရေးအသင်း ဥက္ကဌ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ မီးဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

#ha_fir
#mgy_apr2019
Source:     ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events