မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

9_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ တိုက်စွန်း ဝန်း ရပ်ကွက်တွင် (၆-၄-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့သည့် နေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၄)ဦးအတွက် (၃၇,၃၅၃/-)ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်း ဖိုး (၁၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေ (၈,၄၀၀/-)ကျပ်၊ မီးဘေးကြောင့် ထိခိုက်ဒဏ်ရာရသူ (၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၅၈,၄၀၀/-)ကျပ်တို့အား (၈-၄-၂၀၁၉)ရက်နေ့ (၁၅း၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။

#ha_fir
#ayy_apr2019

Source:     ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events