
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး ရုံးနှင့် ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်တောင်းမြို့နယ် ရပ်ကွက် (၃)ခုနှင့် ကျေးရွာအုပ်စု (၇)စုတွင် (၂.၄.၂၀၁၉)ရက်နေ့ ညနေ(၁၆း၃၀)နာရီအချိန် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ခဲ့သည့် အမိုးလန်နှင့် တစိတ်တပိုင်းပျက်စီးလူနေအိမ်ခြေ (၁၃၀)လုံးနှင့် ဘာသာရေးအဆောက်အဦ (၂)ခု စုစုပေါင်း (၁၃၂)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၂,၆၃၈,၀၀၀/-) ကျပ်အား (၈.၄.၂၀၁၉)ရက်နေ့ နေ့လည် (၁၃း၀၀) အချိန် ပန်းတောင်းမြို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မြို့နယ်ဒုတိယ အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူး များနှင့်အတူ ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။
#ha_sgw
#bgo_apr2019
Source: ပန်းတောင်းမြို့ဦးစီးမှူးရုံး (ဘစမ)