လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား မလေးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Dato’ Saifuddin Abdullah ဦးဆောင်သည့် အဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လာရောက် တွေ့ဆုံပါသည်။
ထိုသို့တွေ့ဆုံရာတွင် မလေးရှားနိုင်ငံက အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီအား ၂၀၁၈ ခုနှစ်တွင် ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီးနောက် ယခုနှစ်တွင် မြန်မာ နိုင်ငံက ဥက္ကဌအဖြစ်ဆောင်ရွက်သွား မည်ဖြစ်ပြီး သက်ဆိုင်ရာအစည်းအဝေးများအား အိမ်ရှင်အဖြစ် လက်ခံကျင်းပဆောင်ရွက်မည့် အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုသဟဇာတမျှတရေးနှင့် လက်ရှိတိုက်ပွဲရှောင်များအား ထိရောက် သော ထောက်ပံ့မှုများ ပေးအပ်နိုင်ရေး ဆောင်ရွက်နေမှုများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် သို့ ရောက်ရှိ နေသော နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံဘက်မှ ပြင်ဆင်ထားရှိ မှုများ၊ နေရပ်စွန့်ခွာသူများပြန် လည်လက်ခံရေးလုပ်ငန်းစဉ်များတွင် အာဆီယံနိုင်ငံများက ပူးပေါင်း ပါဝင်မည့်အခြေအနေများနှင့် အာဆီယံ အရေးပေါ်တုန့်ပြန်ရေးနှင့်ဆန်းစစ်လေ့လာရေးအဖွဲ့ (ASEAN – ERAT) မှ ပထမအကြိမ် လိုအပ်ချက်များ ဆန်းစစ်လေ့လာခြင်းအား မကြာသေးမီက ဆောင်ရွက် ပြီးစီးခဲ့မှုများ၊ မလေးရှားနိုင်ငံအခြေစိုက် INGO အဖွဲ့အစည်းတစ်ခုဖြစ်သည့် Mercy Malaysia အဖွဲ့အစည်းနှင့် သဘာဝဘေး အန္တရာယ်လျော့ပါးရေးဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1_otr
#npw_apr2019
Source: MSWRR